နတ်တလင်းမြို့နယ်၌ နယ်လှည့်စာကြည့်တိုက်၊နံရံကပ် စာစောင်၊ဓာတ်ပုံပြပွဲ၊စာအုပ်စာစောင် ပြပွဲနှင့်ဟောပြောပွဲဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး၊နတ်တလင်းမြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား/ကျောင်းသူလေးများ အားလပ်သည့်အချိန်တွင် စာအုပ်စာ စောင်များ လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ၊ အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်၊နံရံကပ်စာစောင်၊ဓာတ်ပုံပြပွဲ၊စာအုပ်စာစောင်ပြပွဲနှင့်ဟောပြောပွဲဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီက အ.မ.က ရွာသာကုန်းကျောင်း၌ ပြုလုပ်ခဲ့သည်။