ပဲခူးတိုင်းဒေသကြီး

ရွှေတောင် မြို့နယ်တွင် ၂၀၂၅ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင် မြို့နယ်တွင် သစ်တောဦးစီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်က မင်းကွန်းကျေးရွာအုပ်စု၊ တပ်သစ်ကျေးရွာစက်မှုလယ်ယာစနစ်ကျလယ်မြေဧက (၁၀၀) စိုက်ကွင်း ကုန်ထုတ်လမ်း လမ်းဘေးဝဲ/ ယာ၌ ကျင်းပခဲ့သည်။

ရွှေဘိုမြို့တွင် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ကျင်းပပြုလုပ်

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ နှစ်စဉ်ပြုလုပ်ကျင်းပသည့် အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲအားစစ်ကိုင်းတိုင်း​ဒေသကြီး​ရွှေဘိုမြို့အမှတ် (၄) ရပ်ကွက်ရှိ သာသနာ့ဗိမ္မာန်​တော်ကြီးတွင်ယမန်​နေ့၊​ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ရာ ကျောင်းတိုက်အသီးသီးမှ စာဖြေသံဃာတော်များအေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

ရွှေကျင်မြို့တွင် ၂၀၂၅ ခုနှစ် ပါဠိပထမပြန်စာမေးပွဲ တတိယနေ့ ဆက်လက်ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ညောင်ဝိုင်းတရုတ္တန်းရပ်ကွက် တောင်ပိုင်ဓမ္မရိပ်သာကျောင်းတိုက်ဓမ္မာရုံတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ သာသနာတော်သန့်ရှင်းရေး တည်တံ့ပြန့်ပွားရေး၏ အခြေခံမူရင်းဖြစ်သော ပရိယတ္တိသာသနာတော်ထွန်းကားပြန့်ပွါးစေရန် ပါဠိပထမပြန် (ကြီး၊ လတ်၊ ငယ်၊ မူ) တန်း စာမေးပွဲကို တတိယနေ့အဖြစ် ၂၀၂၅ ခုနှစ် ဇွန်လ (၆) ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်၌ ဆက်လက်ကျင်းပလျက်ရှိသည်။

ပေါင်းတည်၌ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော Sprite အချိုရည်ဘူးများအား စစ်ဆေးခြင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနက မြို့နယ်စျေးကွက်အတွင်း Sprite အချိုရည်ဘူးများအား စစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ကြသည်။

ပေါက်ခေါင်းမြို့နယ်အတွင်းရှိ နွေစပါးစိုက်တောင်သူများစတင်ရိတ်သိမ်း

ပဲခူးတိုင်းဒေသကြီး၊ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် တောင်နဝင်းရေလှောင်တမံဆည်နှင့် မြောက်နဝင်းရေလှောင်တမံဆည်ရေများဖြင့် နှစ်စဉ်နွေစပါးနှင့် အခြားသီးနှံများကို စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာနက သီးနှံစိုက်ပျိုးရန်အတွက် ဆည်ရေများကို ယခုနှစ်ဇန်န ဝါရီလဆန်းပိုင်းက စတင်ဖြန့်ဝေပေးပြီးစိုက်ပျိုးခဲ့ရာ ယခုအခါ နွေစပါးသီးနှံများ စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်းသိရသည်။

မိုးညိုမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများသို့ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်လံနှိုးဆော်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်းရှိ ရေကင်းကျေရွာအုပ်စု၊ ပတ္တော်ကျေးရွာအုပ်စုနှင့် ညောင်လေးပင်ကျေးရွာအုပ်စုများအတွင်း ဧရာဝတီမြစ်ရေ ဝင်ရောက်နိုင်သည့် ကျေးရွာများသို့ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး လိုက်လံနှိုးဆော်ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ပေါင်းတည်၌ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် သစ်တောဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဟောပြောပွဲနှင့် သစ်ပင်စိုက်ပွဲကျင်းပ

၂၀၂၅ ခုနှစ် မေလ ၅ ရက်တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ အုန်းသုံးပင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်သစ်တောဦးစီးဌာနနှင့် ပညာရေးဦးစီးဌာတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲအခမ်းအနားနှင့် သစ်ပင်စိုက်ပွဲကျင်းပပြုလုပ်ခဲ့ကြသည်။

မိုးညိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ရေနုတ်မြောင်းများတူးဖော်ခြင်း လုပ်ငန်းများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစို‌ပြေ‌ရေးလုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မိုးညိုမြို့ပေါ်ရှိ ဇောတိကရပ်ကွက်အတွင်း ရေနုတ်မြောင်းများ တူးဖော်ခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အုတ်တွင်းမြို့နယ်၌ ခပေါင်းရေလှောင်တမံနှင့် ပတ်သက်သည့်  မိုးရာသီသဘာဝဘေးဆိုင်ရာ အရေးပေါ်ကြိုတင်စီမံဆောင်ရွက်ထားရှိမှု(EPP)ရှင်းလင်းပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊အုတ်တွင်းမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချ မှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ခပေါင်းရေလှောင်တမံနှင့် ပတ်သက်သည့် မိုးရာသီသဘာဝဘေးဆိုင်ရာ အရေးပေါ်ကြိုတင်စီမံဆောင်ရွက်ထားရှိမှု(EPP)ရှင်းလင်းပွဲကို ဇွန်လ ၅ ရက်နေ့နံနက်၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊သီရိရတနာခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

ပြည်မြို့နယ်၌ မိုးစပါးနှင့် ဝါသီးနှံစိုက်ပျိုးမည့် သမဝါယမအသင်းသားတောင်သူများအတွက် မျိုးကောင်းမျိုးသန့်နှင့် သွင်းအားစုများ ပေးအပ်

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်သမဝါယမဦးစီးဌာနမှ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်တွင် မိုးစပါးနှင့် ဝါသီးနှံစိုက်ပျိုးမည့် သမဝါယမအသင်းသားတောင်သူများအတွက် မျိုးကောင်းမျိုးသန့်နှင့် သွင်းအားစုများ ပေးအပ်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ပြည်မြို့၊ တာဂွလမ်းဆုံအနီးရှိ (သမာဓိ) မျိုးစေ့နှင့် စိုက်ပျိုးရေးသုံးဆေးပစ္စည်းအရောင်းဆိုင်၌ ကျင်းပခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး