မင်းလှမြို့၌ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတတ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

မင်းလှ ဇွန် ၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတတ်‌ရေးအတွက် ခရိုင်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီနှင့် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီတို့ တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန် ၆ ရက်နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ခင်မောင်ထွေးက စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်တိုးတက်နိုင်ရန်အတွက် စိုက်ပျိုးနည်းစနစ်များ မှန်ကန်စွာအသုံးချနိုင်ရေး၊ ဓာတ်မြေဩဇာများ ရွေးချယ်အသုံးပြုနိုင်မှု၊ ပိုးသတ်ဆေးရည်များ အလွန်အကျွံအသုံးမပြုကြရန်၊ အထွက်နှုန်းကောင်းမွန်စွာရရှိရေး ကြိုးစားစိုက်ပျိုးကြရန်၊ စိုက်ပျိုးကိစ္စရပ်များကို အချိန်မှီဆောင်ရွက်ကြရန် စသည့်ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူး၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက မြို့နယ်အတွင်း စိုက်ပျိုးလုပ်ငန်းများ ဆောင်ရွက်ထားနိုင်မှုနှင့် လိုအပ်ချက်များကို အသီးသီးဆွေးနွေးတင်ပြခဲ့ရာ ခရိုင်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေး‌ပေးခဲ့ကြောင်း သိရသည်။

ပေါက်စ (မင်းလှ)