တောင်ငူ ဇွန် ၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ လေးကျွန်းကန်တော်ကြီး၌ တောင်ငူမြို့နယ်မီးသတ် ဦးစီးဌာနနှင့်မြို့ပေါ် ပရဟိတအသင်းများပူးပေါင်း၍ ရေဘေးအန္တရာယ်ကျရောက်လာပါက အချိန်နှင့်တပြေးညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွည်၍ ရေဘေးကယ်ဆယ်ရေးကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့ပေါ်ပရဟိတ အသင်းများဖြစ်သည့် ဂရုဏာရင်ခွင်၊ STT၊ နန်းတော်ဦး၊ ရွှေမင်းဝင်၊ သုခအလင်း၊ စွမ်းရည်တမာန်၊ လူငယ့်အားမာန်၊ ဂရုဏာနှလုံးသား၊ နှလုံးလှမေတ္တာနှင့် ရှင်စောပု လူမှုရေးအသင်း အဖွဲ့တို့ပူးပေါင်း၍ ကယ်ဆယ်ရေးလှေ (၁၀)စီး၊ လူဦးရေ (၁၀၀)ကျော်ဖြင့် ဆောင်ရွက်ခဲ့ကြပြီး တောင်ငူခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ လာရောက် ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။
ခရိုင် (ပြန်/ဆက်)