ညောင်လေးပင် ဇွန် ၈
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီက မြို့နယ်စာရေးဆရာအသင်းမှ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံစာရေးဆရာအသင်း (ဗဟို) အလုပ်အမှုဆောင်၊ မြို့နယ်စာရေးဆရာအသင်း (နာယက) ဒေါက်တာ မြင့်သန်း (ညောင်လေးပင်)က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင် ဦးလှမြင့်(လှမြင့်ဦး-ညောင်လေးပင်)၊ စာရေးဆရာအသင်းအဖွဲ့ဝင် ဦးဌေးနိုင်(ဌေးနိုင်-ဗန်ဒါ- ညောင်လေးပင်)နှင့် စာရေး ဆရာ အသင်းအဖွဲ့ဝင် မောင်ကြည်လွင် (ရွှေကြိုးကြာ)တို့မှ မိမိတို့သိရှိလိုသည့် အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော စာရေးဆရာ အသင်းအဖွဲ့ဝင်များမှ အသီးသီး ဆွေးနွေးသွားခဲ့ကြပြီး မြန်မာနိုင်ငံစာရေးဆရာအသင်း (ဗဟို) အလုပ်အမှုဆောင်၊ မြို့နယ်စာရေးဆရာအသင်း (နာယက) ဒေါက်တာမြင့်သန်း (ညောင်လေးပင်)မှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)