ရွှေကျင် ဇွန် ၉
ပဲခူးတိုင်းဒေသကြီး၊ညောင်လေးပင်ခရိုင်၊ရွှေကျင်မြို့နယ်၊ညောင်ဝိုင်းတရုတ္တန်းရပ်ကွက် တောင်ပိုင်ဓမ္မရိပ်သာကျောင်းတိုက်ဓမ္မာရုံတွင် သာသနာရေးနှင့်ယဉ်ကျေး မှုဝန်ကြီးဌာနမှ သာသနာတော်သန့်ရှင်းရေး တည်တံ့ပြန့်ပွားရေး၏ အခြေခံမူရင်းဖြစ်သော ပရိယတ္တိသာသနာတော် ထွန်းကားပြန့်ပွါးစေရန် ၂၀၂၅ ခုနှစ် အစိုးရပါဠိပထမပြန် ( ကြီး၊လတ်၊ငယ်) တန်း စာမေးပွဲကို ပဉ္စမနေ့အဖြစ် ဇွန်လ ၈ ရက်နေ့ မွန်းတည့် ၁၂ နာရီ အချိန်၌ ဆက်လက် ဖြေဆိုလျက်ရှိသည်။
အစိုးရပါဠိပထမပြန်စာမေးပွဲ ပဉ္စမနေ့ဖြေဆိုသောစာမေးပွဲတွင် ပထမကြီးတန်း သံဃာတော်(၇)ပါး၊ပထမလတ်တန်းသံဃာတော်(၁၅)ပါး၊သီလရှင်(၁)ပါး စုစုပေါင်း(၁၆)ပါး၊ ပထမငယ်တန်း သံဃာတော်(၁၈)ပါး၊ သီလရှင်(၂)ပါး စုစုပေါင်း(၂၀)ပါး၊ စုစုပေါင်း ပါဠိပထမ ပြန်(ကြီး၊လတ်၊ငယ်)တန်း စာမေးပွဲကို(၄၃)ပါး ဖြေဆိုလျက်ရှိသည်။အဆိုပါ စာဖြေသံဃာတော်များနှင့်သီလရှင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးလှမင်းသူနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီး အကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများက လိုအပ်သည်များကို ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထွန်းထွန်းဇော်