သဲကုန်း ဇွန် ၉
ပဲခူးတိုင်းဒေသကြီး၊နတ်တလင်းခရိုင်၊သဲကုန်းမြို့နယ်တွင် အများပြည်သူများနှင့်ကျောင်းသား/ကျောင်းသူလူငယ်များ သုံးစွဲရန်မသင့်သော ဆေးလိပ်အစားထိုး အီး-စီးကရက်(Vape) ရောင်းချခြင်း ရှိ/မရှိ လိုက်လံစစ်ဆေးခြင်းကို ယမန်နေ့က မြို့ပေါ်ရပ်ကွက်များရှိ စတိုးဆိုင်များ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ လိုက်လံစစ်ဆေးရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောပြည့်စုံံ၊ စားသုံံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန် ရှိသူများနှင့် ဆေးဝါးကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များမှ မြန်မာနိုင်ငံပြည်တွင်းဈေးကွက်တွင် ရောင်းချလျက်ရှိသည့် ဆေးလိပ်အစားထိုး အီး-စီးကရက် Vape၊ Heated Tobacco Product- HTP၊ Vape Pens၊ Mods၊ Pods၊ e-Cigarettes၊ e-Pipes၊ e- Cigars များနှင့် ဆက်စပ် အသုံးပြုသောပစ္စည်းများသုံးစွဲခြင်းနှင့် ရောင်းချခြင်းရှိ/မရှိစစ်ဆေးခဲ့ပြီး သုံးစွဲပါက ဖြစ်ပွားနိုင်သော ကျန်းမာရေးဆိုးကျိုးများအကြောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)