နတ်တလင်းမြို့နယ်၌ နယ်လှည့်စာကြည့်တိုက်၊နံရံကပ် စာစောင်၊ဓာတ်ပုံပြပွဲ၊စာအုပ်စာစောင် ပြပွဲနှင့်ဟောပြောပွဲဆောင်ရွက်

နတ်တလင်း ဇွန် ၉

ပဲခူးတိုင်းဒေသကြီး၊နတ်တလင်းမြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား/ကျောင်းသူ​လေးများ အားလပ်သည့်အချိန်တွင် စာအုပ်စာ စောင်များ လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ၊ အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်၊နံရံကပ်စာစောင်၊ဓာတ်ပုံပြပွဲ၊စာအုပ်စာစောင်ပြပွဲနှင့်ဟောပြောပွဲဆောင်ရွက်ခြင်းကို ယ​နေ့နံနက် ၉ နာရီက အ.မ.က ရွာသာကုန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်သူဇာဝင်းက ကျောင်းသား/ကျောင်းသူ များအား စာဖတ်စေခြင်း ရည်ရွယ်ချက်များ၊စာဖတ်ခြင်းကြောင့် ရရှိနိုင်သောအကျိုးကျေးဇူးများ၊ စာကြည့်တိုက်ကို အသုံးချတတ်လာပြီး စာဖတ်သည့်အလေ့အထကောင်းများ ရရှိလာနိုင်ခြင်းတို့ကို ပြောကြားပြီး၊ဝန်ထမ်းများမှ ကျောင်းသား၊ကျောင်းသူလေးများကို ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်စေခြင်း၊စက္ကူပြဇာတ်ဖြင့်ပုံပြင်ပြောခြင်း၊ရုပ်ပုံပါစာအုပ်​ဖြင့် ပုံပြင်ပြောခြင်းများဖြင့် အသိပညာပေးပြောကြားသည်။

စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းတွင် ကျောင်းသား/ကျောင်းသူလေးများအား အသိပညာဗဟုသုတရရှိစေမည့် စာအုပ်၊စာစောင်များကို ဖတ်ရှုစေခြင်းအပြင် စာအုပ်များအား ရက်သတ္တပတ်နှစ်ပတ်ကြာ ငှားရမ်းပေးခဲ့ပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါအန္တရာယ် အသိပညာပေး နံရံကပ်စာ‌စောင်များ ပြသခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)