ဝေါမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါဠိပထမပြန် စာအောင်သံဃာတော်များအား စာအောင်ဆုနှင်းသဘင် အခမ်းအနားကျင်းပ

ဝေါ ဇွန် ၉

ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊ဝေါမြို့နယ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာ ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆို အောင်မြင်တော်မူကြသော(အလက်တန်း၊အငယ်တန်း၊မူလတန်း)သံဃာတော်များနှင့်လူပုဂ္ဂိုလ်တို့အား စာအောင်ဆုနှင်းသဘင်အခမ်းအနားကို ဇွန်လ ၈ ရက်နေ့နံနက်(၉)နာရီက ရွှေဘုန်းပွင့် ဓမ္မရိပ်သာ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကာ ဝေါမြို့နယ်၊ဗဟိုသံဃဝန်ဆောင် ၊ဒလနွမ်းကျောင်းဆရာတော် ဘဒ္ဒန္တသြဘာသ ထံမှ ငါးပါးသီလ နှင့် အဖွင့်သြဝါဒကထာနာကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသီဟထွန်းက သာသနာရေးကိစ္စရပ်များအား လျှောက်ထားတ င်ပြခဲ့သည်။

ထို့နောက် ၂၀၂၅ ခုနှစ် ပါဠိပထမပြန်စာအောင်သံဃာတော်(၂၉)ပါးနှင့်ပထမငယ်တန်းလူပုဂ္ဂိုလ်(၁)ဦးအား စာအောင်လက်မှတ်နှင့် စာအောင်ဆုအလှူတော်ငွေများကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အလှူရှင်များက ဆက်ကပ်လှူဒါန်းခဲ့ကြပြီး မြို့နယ်သံဃနာယကအဖွဲ့(သုဓမ္မာ)ဥက္ကဋ္ဌ ဆရာတော်၊ ကင်မွန်းကန် ကျောင်း ပဓာနနာယကဆရာတော်ဥုးဇဝနထံမှ အနုမောဒနာနှင့် ရေစက်ချ တရားဟောကြားခဲ့ပြီး တက်ရောက် လာသူများက ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်းသိရသည်။

မြို့နယ် (ပြန်ဆက်)