ပဲခူး ဇွန် ၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသော ပါဠိပထမပြန်(ကြီး၊လတ်၊ငယ်၊မူ) တန်းစာမေးပွဲကို ဇွန်လ ၄ ရက်နေ့မှ ၁၀ ရက်နေ့အထိ ပဲခူးမြို့ ရွှေမော်ဓော စေတီတော်မြတ်ကြီး ရင်ပြင်တော်ရှိ ရွှေကျောင်းတော်ကျောက်ပန်းတောင်းဓမ္မာရုံ၊မြင်းကျားဓမ္မာရုံနှင့် ဗုဒ္ဓအသံဓမ္မ ဗိမာန်၌ ကျင်းပြုလုပ်လျက်ရှိရာ ဇွန်လ ၈ ရက်နေ့ ပဥ္စမနေ့တွင် သံဃာတော်၊ သီလရှင် စုစုပေါင်း ၆၆၆ ပါး ဆက်လက်ဖြေဆိုတော်မူကြသည်။
ယမန်နေ့ တွင် ပါဠိပထမပြန် စာမေးပွဲ ပထမကြီးတန်းတွင် ၁၆၅ ပါး၊ ပထမလတ်တန်းတွင် ၁၇၅ ပါး၊ ပထမငယ်တန်းတွင် ၃၂၆ ပါး၊ စုစုပေါင်း ဃာတော်၊ သီလရှင် ၆၆၆ ပါး ဖြေဆိုတော်မူကြပြီး စာမေးပွဲသို့ ကြီးကြပ်ရေးအဖွဲ့ဆရာတော်များန တာဝန်ရှိသူများက လိုအပ်သည်များကို ဝိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)