ဝေါမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ ပဉ္စမနေ့ ဆက်လက်ဖြေဆို

ဝေါ ဇွန် ၉

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာန ၁၃၈၇ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ (ကြီး၊ လတ်၊ ငယ်)တန်းများကို ဇွန်လ ၈ ရက်နေ့ နေ့လယ် ၁၂ နာရီက ရွှေဘုန်းပွင့်ဓမ္မရိပ်သာ၌ ပဉ္စမနေ့ဆက်လက်ဖြေဆိုခဲ့သည်။

အဆိုပါစာမေးပွဲ ကြွရောက်ဖြေဆိုကြသည့် သံဃာတော်များ၊ သီလရှင်များ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်သံဃာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တအာစိဏ္ဏနှင့် အဖွဲ့ဝင်ဆရာတော်များ၊ စာမေးပွဲကြီးကြပ်ဆရာတော်များက ဆောင်ရွက်ပေးလျက်ရှိပြီး အလှူရှင်များ စာဖြေသံဃာတော်များနှင့် သီလရှင်များအား နေ့ဆွမ်း၊ အချိုရည်နှင့် ရေသန့်ဘူးများ ဆက်ကပ်လှူဒါန်းကြသည်။

စာမေးပွဲတွင် ပထမငယ်တန်း ရဟန်း၊ သာမဏေ စာရင်းရှိ (၃၃)ပါး၊ ဖြေဆို(၂၉)ပါး၊ ပထမလတ်တန်းတွင် ရဟန်း၊ သာမဏေ စာရင်းရှိ (၃)ပါး၊ ‌‌ဖြေဆို (၂)ပါး၊ ပထမကြီးတန်းတွင် ရဟန်း၊ သာမဏေ စာရင်းရှိ (၄)ပါး၊ ဖြေဆို (၂)ပါး၊ စုစုပေါင်းစာရင်းရှိ (၄၀)ပါးတွင် သံဃာတော်များနှင့် သီလရှင်ဖြေဆို (၃၃)ပါး ဝင်ရောက်ဖြေဆိုကြခဲ့သည်။

အဆိုပါစာမေးပွဲကို ဇွန်လ (၄)ရက်နေ့မှ (၁၀)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး စာဖြေသံဃာတော်များအား ကြီးကြပ်ရေးဆရာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သာသနာ့နုဂ္ဂဟအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်မိရပ်ဖများက လိုအပ်သည်များကို ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)