ပေါင်းတည်၌ အစိုးရပါဠိပထမပြန် စာမေးပွဲစာဖြေသံဃာများအား ပညာရေးဝန်ထမ်းမိသားစု နေ့ဆွမ်းဆက်ကပ် လှူဒါန်း

ပေါင်းတည် ဇွန် ၉

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ သာသနာတော်သန့်ရှင်းရေး တည်တံ့ပြန့်ပွားရေး၏ အခြေခံမူရင်းဖြစ်သော ပရိယတ္တိသာသနာတော်ထွန်းကားပြန့်ပွားစေရန် ပဲခူးတိုင်းဒေသကြီး ၊ ပေါင်းတည်မြို့နယ်၌ ဇွန်လ ၄ ရက်နေ့မှ စ၍ အစိုးရပါဠိပထမပြန်စာမေးပွဲ ကျင်းပလျက်ရှိသည်။

ထိုစာမေးပွဲ စာဖြေသံဃာများနှင့် သီလရှင်များ ဆွမ်းကွမ်းပြည့်စုံစေရေးအတွက် ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများက ဖြည့်ဆည်းလှူဒါန်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ဇွန်လ ၈ ရက်နေ့တွင်  မြို့နယ်ပညာရေးမှူး ဒေါ်ခင်သင်းရီနှင့် အခြေခံပညာမူလတန်းပညာရေး မိသားစုတို့က စာဖြေသံဃာများအား မွန်းတည့်ဆွမ်းဆက်ကပ်လှူဒါန်းကြ​သည်။

ပေါင်းတည်မြို့နယ် အစိုးရပါဠိပထမပြန်စာဖြေဌာန၌ ပထမကြီးတန်း သံဃာ(၁)ပါး၊ ပထမလတ်တန်း သံဃာတော်(၂)ပါး၊ပထမငယ်တန်း သံဃာ(၁၇)ပါး၊အခြေ ပြုမူလတန်း သံဃာ(၁၄)ပါးနှင့် သီလရှင်(၁)ပါး စုစုပေါင်း(၃၅)ပါးတို့သည် သက်ဆိုင်ရာ  အတန်းအသီးသီး၏ ဘာသာရပ် စာမေးပွဲများကိုဝင်ရောက် ဖြေဆိုကြကြောင်းသိရပြီး ဇွန်လ ၈ ရက်နေ့စာမေးပွဲ ပဉ္စမနေ့တွင် ပထမကြီး၊ပထမလတ်နှင့် ပထမငယ် ​စာဖြေသံဃာများကဘာသာပြန် ဘာသာ၊ ယမိုက်အထက် ၅ ကျမ်းဘာသာနှင့် ယမိုက်အောက် ၅ ကျမ်းဘာသာတို့ကို  ဆက်လက် ဖြေဆို ကြကြောင်းသိရသည်။

ရွှေသား