ဖြူးမြို့နယ် အားကစားရုံ၌ Boxing၊ လက်ဝှေ့အားကစားနည်းများ လေ့ကျင့်သင်ကြားပေး

ဖြူး ဇွန် ၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားကို လေ့ကျင့်စေခြင်းဖြင့် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရေး၊ ကိုယ်ကာယကြံ့ခိုင်ပြီး စိတ်ဓာတ်နှင့်အကျင့်စာရိတ္တမြင့်မားရေးအတွက် ရည်ရွယ်၍ အားကစားနည်းမျိုးစုံသင်တန်းများပေးခြင်း၊ အားကစားရုံတွင် လေ့ကျင့်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ နေ့စဉ်ညနေပိုင်းများတွင် Boxing လက်ဝှေ့အားကစားနည်းများ လေ့ကျင့်ပေးလျက်ရှိကြောင်း သိရသည်။

ဖြူးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ချိန်တွင် ဘောလုံးအားကစားနည်း၊ ပြေးခုန်ပစ်အားကစားနည်း၊ စားပွဲတင်တင်းနစ်၊ Boxing၊ လက်ဝှေ့အားကစားနည်း စသည့် အားကစားနည်းမျိုးစုံကို သင်ကြားပို့ချပေးသည့်အပြင် အားကစားရုံ၌ စိတ်ပါဝင်စားသည့် အားကစားနည်းများကို လေ့ကျင့်ခြင်း၊ နည်းပြပေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယခုရက်ပိုင်းအတွင်း Boxing လက်ဝှေ့အားကစားနည်းများကို အားလပ်ချိန်များတွင် လူငယ်(၁၅)ဦးခန့်  လာရောက်လေ့ကျင့်သင်ယူကြကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)