ပေါင်းတည် ဇွန် ၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဥ်များ လက်ဝယ်ထားရှိ စီးနင်းမောင်းနှင်သွား လာမှု ရှိ/ မရှိ စစ်ဆေးခြင်းကို ယမန်နေ့နံနက် ၅ နာရီအချိန်မှ စတင်ကာ မြို့ဝင်မြို့ထွက်နှင့် လမ်းဆုံ လမ်းခွများတွင် မြန်မာနိူင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့ပြလုံခြုံရေးတပ်ဖွဲ့ဝင်များ၊သက်ဆိုင်ရာ ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းအဖွဲ့သည် စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးဇော်မြင့်နိုင် စီမံမှုဖြင့် မြို့မရဲစခန်းမှူးဒုရဲမှူးရဲမြင့် ဦးဆောင်ကာ အရာရှိအရာခံအကြပ်တပ်သား တပ်ဖွဲ့ဝင်များ၊ မြို့ပြလုံခြုံရေးအဖွဲ့များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပူးပေါင်း၍ မော်တော်ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်နှင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များ ပြည့်စုံမှု ရှိ/ မရှိစစ်ဆေးခြင်း၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဥ်များ ဖြတ်သန်းသွားလာပါက လိုင်စင်မဲ့ယာဉ်နှင့် ဆိုင်ကယ်များ လက်ဝယ်ထားရှိမှု၊ အသုံးပြုမှုနှင့်ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတွင် တရားဝင်မှတ်ပုံတင်ထားရှိမှု အချက်အလက်အထောက်အထား တစ်စုံတစ်ရာ မပြသနိုင်လျှင် ယာဉ်သိမ်းဆည်းခြင်းနှင့် ဖမ်းဆီးအရေးယူဆောင်ရွက်နိုင်ရေး အတွက် ခရီးသည်တင်ယာဉ်များ၊ ကုန်တင်ယာဉ်များအပါအဝင် စက်တပ်ယာဉ်အားလုံးနှင့် မော်တော်ဆိုင်ကယ်များအား စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရွှေသား