ပဲခူးတိုင်းဒေသကြီး

ပြည်မြို့ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ “အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးသရုပ်ပြပွဲ” ကျင်းပ

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၏ ညွှန်ကြားမှုဖြင့် ပြည်ခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့မှ ဦးဆောင်ကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ပြည်မြို့အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ “အမှိုက်ခွဲခြား စွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးသရုပ်ပြပွဲ” ကျင်းပပြုလုပ်သည်။

အုတ်ဖိုမြို့နယ်၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ဒေသခံပြည်သူများအနေဖြင့် သစ်တော၊ သစ်ပင်များ၏တန်ဖိုးကို အလေးထားသိရှိနားလည်နိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒကောင်းမွန်စေရေး စသည့်အကျိုးများ ရရှိစေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့၊ မိုးညိုတန်းရပ်ကွက်၊ ချမ်းမြသာမြေမြို့သစ်၊ သန္တိသုခဘုန်းတော်ကြီးကျောင်းဝန်းအတွင်း၌ ယနေ့နံနက် ၇ နာရီက မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို မြို့နယ်သစ်တောဦးစီးဌာနက စီစဉ်ကျင်းပခဲ့သည်။

​​​​​ဖြူးမြို့နယ်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြည်ရေး မိုးရာသီအကြို သစ်ပင်စိုက်ပျိုး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စိမ်းလန်းစိုပြည်ရေးအတွက် ၂၀၂၅-ခုနှစ်၊ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲအနေဖြင့် ယမန်နေ့ နံနက်(၈)နာရီခွဲအချိန်က ချင်းခင်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းဝန်းအတွင်း စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

မိုးညိုမြို့၌ မိုးရာသီစု‌ပေါင်းသစ်ပင်စိုက်ပျိုးပွဲ‌တော် ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၇ နာရီခွဲအချိန်က မိုးညိုမြို့၊ ရွှေဥဒေါင်းရပ်ကွက်ရှိ အားကစားနှင့်ကာယပညာဦးစီးဌာနဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

သာယာဝတီခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် သတင်းရေးသားနည်းသင်တန်း (၁/၂၀၂၅) ဖွင့်လှစ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်ရုံးများတွင် တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများ သတင်းရေးသားရာတွင် လိုက်နာရမည့်အချက်များ၊ သတင်းကောင်းတစ်ပုဒ်တွင် ပါဝင်ရမည့်အချက်များ၊ သတင်းတည်းဖြတ်နည်းများကို သိရှိနိုင်ရန်ရည်ရွယ်၍ သတင်းရေးသားတည်းဖြတ်နည်းသင်တန်း (၁/၂၀၂၅) ကို သာယာဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

​​​​​ဖြူးမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသည့်နေရာသို့ကွင်းဆင်း၍ ကာကွယ်နှိမ်နင်းအသိပညာပေးခြင်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားစေသော ခြင်များပေါက်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်နှိမ်နင်းရေးများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသည့် ဇေယျဝတီမြို့၊ မြို့မ(၁)ရပ်ကွက် အတွင်းသွေးလွန်တုပ်ကွေးရောဂါအတွက် ခြင်နှိမ်နင်းရေးလုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပေါင်းတည်၌ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနက အသိပညာပေးဟောပြော

ပဲခူးတိုင်းဒေသကြီး၊ပေါင်းတည်မြို့နယ်၌ ယမန်နေ့နေ့လယ်၁နာရီက မြို့နယ်စားသုံးသူရေးရာဦးစီးဌာနက စားသုံးသူရေးရာဆိုင်ရာ ဟောပြောခြင်းကို အခြေခံ ပညာမူလတန်းကျောင်း (ရွှေတောင်လမ်း)တွင် အသိပညာပေးဆောင်ရွက်ခဲ့ကြသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် သရုပ်ပြပွဲအခမ်းအနားကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့်သရုပ်ပြပွဲအခမ်းအနားအား ပဲခူးမြို့၌ဇွန်လ(၁၂)ရက်နေ့၊နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

မိုးညိုမြို့နယ်သစ်တောဦးစီးဌာနမှ ပြည်သူများ သစ်ပင်စိုက်ပျိုးနိုင်‌‌ရေး ပျိုးပင်များဖြန့်ဝေပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် သစ်တောဦးစီးဌာနရုံးမှ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်‌ရေးအတွက် မိုးရာသီကာလတွင် သစ်ပင်များစိုက်ပျိုးနိုင်ရန် ပျိုးပင်ပေါင်း (၁၀၀၀၀)ပျိုးထောင်ထားရှိပြီး ပြည်သူများသို့ ဖြန့်ဝေစိုက်ပျိုးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း​ သိရသည်။

မိုးညိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဧရာဝတီမြစ်ရေဝင်ရောက်မှုအခြေအနေများအား လိုက်လံကြည့်ရှု

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အနီးရှိ ဧရာဝတီမြစ်နှင့် ဆက်စပ်လျက်ရှိသော မြစ်မခမြစ်/ချောင်းများအတွင်းသို့ ရေများဝင်ရောက်လာပြီဖြစ်သည့်အတွက် ရေဝင်ရောက်မှုအခြေအနေများနှင့် မြစ်ရေအမှတ် ဆောင်ရွက်ထားရှိသည့်နေရာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ လိုက်လံကြည်ရှုခဲ့ကြောင်း သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး