မိုးညိုမြို့နယ်သစ်တောဦးစီးဌာနမှ ပြည်သူများ သစ်ပင်စိုက်ပျိုးနိုင်‌‌ရေး ပျိုးပင်များဖြန့်ဝေပေးလျက်ရှိ

မိုးညို ဇွန် ၁၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် သစ်တောဦးစီးဌာနရုံးမှ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်‌ရေးအတွက် မိုးရာသီကာလတွင် သစ်ပင်များစိုက်ပျိုးနိုင်ရန် ပျိုးပင်ပေါင်း (၁၀၀၀၀)ပျိုးထောင်ထားရှိပြီး ပြည်သူများသို့ ဖြန့်ဝေစိုက်ပျိုးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း​ သိရသည်။

သစ်တောဦးစီးဌာနအနေဖြင့် သစ်တောဂေဟစနစ် ဖွံဖြိုးတိုးတက်စေရန်၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်လာစေရန်၊ ရာသီဥတုပြောင်းလဲမှုကိုထိန်းညှိရန်၊ သစ်တောပြုန်းတီးမှုမဖြစ်ပေါ်စေရန်နှင့် ကာကွယ်ထိန်းသိမ်းနိုင်စေရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိရာ မြို့နယ်သစ်‌တောဦးစီးဌာနမှ ဒေသတွင်း စိမ်းလန်းစိုပြည်ရေးနှင့်သဘာဝပတ်ဝန်းကျင် တိုးတက်ကောင်းမွန်လာစေရေးအတွက် မိုးရာသီကာလတွင် သစ်ပင်များစိုက်ပျိုးရန်နှင့် ကျေးလက်ပြည်သူလူထုသို့ ဖြန့်ဝေပေးရန် ကျွန်း (၃၀၀၀)၊ မန်ဂျန်ရှား(၃၀၀၀)၊ မဟော်ဂနီ(၂၀၀၀)၊ အခြားပျိုးပင်စုံ (၂၀၀၀) စသည့် ပျိုးပင်ပေါင်း(၁၀၀၀၀)အား ပျိုးထောင်ထားရှိပြီး လူထုသို့ ဖြန်‌ဝေပေးလျက်ရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနရုံးမှ သိရသည်။

ကိုမင်း (ပြန်/ဆက်)