ပေါင်းတည် ဇွန် ၁၃
ပဲခူးတိုင်းဒေသကြီး၊ပေါင်းတည်မြို့နယ်၌ ယမန်နေ့နေ့လယ်၁နာရီက မြို့နယ်စားသုံးသူရေးရာဦးစီးဌာနက စားသုံးသူရေးရာဆိုင်ရာ ဟောပြောခြင်းကို အခြေခံ ပညာမူလတန်းကျောင်း (ရွှေတောင်လမ်း)တွင် အသိပညာပေးဆောင်ရွက်ခဲ့ကြသည်။
အဆိုပါဟောပြောပွဲ၌ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးနိုင်ဝင်းသိန်းက မူလတန်းကျောင်းသား/ကျောင်းသူ၁၄၀ဦးအား စားသုံးရန်မသင့်သော အစား အစာများ၊ကုန်ညွှန်းအမှတ်အသားများနှင့် ဂိမ်းကစားခြင်း၏ဆိုးကျိုးများအကြောင်းကို နမူနာများနှင့်တကွ ရှင်းလင်းဟောပြောခဲ့ပြီး ဟောပြောမှုနှင့်ပတ်သက်၍ သိရှိမှတ်သားမှု ရှိ/မရှိ ပြန်လည်ဆွေးနွေးမေးမြန်းခဲ့ရာ ပြည့်စုံမှန်ကန်စွာ ဖြေဆိုနိုင်သူများကို အမှတ်တရ လက်ဆောင်များပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ရွှေသား(IPRD)