​​​​​ဖြူးမြို့နယ်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြည်ရေး မိုးရာသီအကြို သစ်ပင်စိုက်ပျိုး

ဖြူး ဇွန် ၁၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စိမ်းလန်းစိုပြည်ရေးအတွက် ၂၀၂၅-ခုနှစ်၊ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲအနေဖြင့် ယမန်နေ့ နံနက်(၈)နာရီခွဲအချိန်က ချင်းခင်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းဝန်းအတွင်း စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဖြူးမြို့နယ် သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိဦးသိန်းသန်းစိုးက ရတနာတန်းဝင်ပျိုးပင်ပေါက်များကို လွှဲပြောင်းပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်နှင့် အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီးတို့က လက်ခံရယူခဲ့ကြသည်။

ထို့နောက် ကျွန်း(၇၀)ပင်၊ ပျဉ်းကတိုး(၇၀)ပင်၊ ပိတောက်(၇၀)ပင်၊ မန်ဂျန်ရှား(၇၀)ပင်၊ ယမနေ(၆၀)ပင်၊ ခရေ(၂၀)ပင်၊ စိန်ပန်း(၂၀)ပင်၊ စွယ်တော်(၂၀)ပင် စုစုပေါင်းပျိုးပင်(၄၀၀)ပင်ကို ဖြူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဖြူးမြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ ကျေးရွာဒေသခံပြည်သူများမှ တက်ရောက်စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)