​​​​​ဖြူးမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသည့်နေရာသို့ကွင်းဆင်း၍ ကာကွယ်နှိမ်နင်းအသိပညာပေးခြင်းများ ဆောင်ရွက်

ဖြူး ဇွန် ၁၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားစေသော ခြင်များပေါက်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်နှိမ်နင်းရေးများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသည့် ဇေယျဝတီမြို့၊ မြို့မ(၁)ရပ်ကွက်အတွင်း သွေးလွန်တုပ်ကွေးရောဂါအတွက် ခြင်နှိမ်နင်းရေးလုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများမှ လွန်ခဲ့သည့်ရက်ပိုင်းက အဆိုပါရပ်ကွက်အတွင်း (၂)နှစ်ခွဲအရွယ် ယောက်ျားလေးတစ်ဦး သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုရှိခဲ့သဖြင့် နေအိမ်နှင့် ပတ်ဝန်းကျင်ရပ်ကွက်အတွင်းရှိ ရေတွင်းရေကန်များအား အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ဆောင်ရွက်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)