တောင်ငူမြို့၌ မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ်စွမ်းရည် ပြိုင်ပွဲကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၊ အ-ထ-က (၁)၌ တောင်ငူမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ပညာရည်မြင့်မားလာစေရေးနှင့် စဉ်ဆက်မပြတ်လေ့လာသင်ယူစေရေးအတွက်ရည်ရွယ်ကာ မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့်သင်္ချာဘာသာ ရပ်စွမ်းရည် ပြိုင်ပွဲကို အောက်တိုဘာ ၁၃ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။