တောင်ငူမြို့၌ စစ်တောင်းမြစ်ရေစိုးရိမ်ရေမှတ်အထက် ရောက်ရှိနေပြီး မြေနိမ့်ပိုင်းရှိ ပြည်သူများအား ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးလျက်ရှိ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၌ စစ်တောင်းမြစ်ရေစိုးရိမ်ရေမှတ်အထက် ရောက်ရှိနေပြီး ယနေ့နံနက်ပိုင်းတွင် မြေနိမ့်ပိုင်းများသို့ မြစ်ရေဝင်ရောက်လျက်ရှိကာ မြေနိမ့်ပိုင်းရှိပြည်သူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးလျက်ရှိသည်။