တောင်ငူမြို့၌ မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ်စွမ်းရည် ပြိုင်ပွဲကျင်းပ

တောင်ငူ  အောက်တိုဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၊ အ--က ()၌ တောင်ငူမြို့နယ်အတွင်းရှိ ကျောင်းသား ကျောင်းသူများ ပညာရည်မြင့်မားလာစေ​ရေးနှင့် စဉ်ဆက်မပြတ်လေ့လာသင်ယူစေ​ရေးအတွက်ရည်ရွယ်ကာ မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့်သင်္ချာဘာသာ ရပ်စွမ်းရည် ပြိုင်ပွဲကို အောက်တိုဘာ ၁၃ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အင်္ဂလိပ်စာနှင့်သင်္ချာဘာသာ ရပ်စွမ်းရည်ပြိုင်ပွဲကို အောာက်တိုဘာ ၁၂ ရက်နေ့မှ ၁၃ ရက်နေ့အထိ တောင်ငူမြို့၊ အထက ()ကျောင်း၌ ကျင်းပလျက်ရှိပြီး တောင်ငူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ Grade-5 မှ Grade-9 ထိ ကျောင်းသားကျောင်းသူများ ဝင်ရောက်ယှဥ်ပြိုင်လျက်ရှိကာ အင်္ဂလိပ်စာဘာသာရပ်စွမ်းရည်ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၁၂၄)ဦး၊ သင်္ချာဘာသာရပ် စွမ်းရည်ပြိုင်ပွဲတွင် (၁၃၈)ဦး၊ စုစုပေါင်း ကျောင်းသားကျောင်းသူ (၂၆၂)ဦး ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသည်။ မြို့နယ်အဆင့်တွင် ထူးချွန်ဆုရရှိသူများသည် တိုင်းဒေသကြီးအဆင့် အင်္ဂလိပ်စာနှင့်သင်္ချာဘာသာ ရပ်စွမ်းရည်ပြိုင်ပွဲတွင် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခရိုင် (ပြန်/ဆက်)