ပဲခူးတိုင်းဒေသကြီး

သဲကုန်းမြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနည်းအသိပညာပေးခြင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများနှင့်မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနည်းအသိပညာပေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရွှေတောင်မြို့နယ်၌ အသက်(၈၅)နှစ်အထက် ဘိုးဘွား ၈၉၂ ဦးတို့အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေထုတ်ပေး

ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှတစ်ဆင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို စက်တင်ဘာ ၈ ရက်မှ ၁၉ ရက်အထိ ထုတ်ပေးသွားမည်ဖြစ်သည်။

အုတ်ဖိုမြို့နယ်တွင် နယ်လှည့်စာကြည့်တိုက် အသိပညာပေးကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက အ.မ.က ကြို့ကုန်းကျောင်းတွင် နယ်လှည့်စာကြည့်တိုက်အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ပေါက်ခေါင်းမြို့နယ်၊ ကြိုးကြာကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှုအနေအဖြစ် ကျောင်းကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းလုပ်ငန်းများကို ကြိုးကြာကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ စက်တင်ဘာလ ၈ ရက်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ပဲခူးတက္ကသိုလ်၌ မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ် - ၂ဝ၂၅ “အတွေ့အကြုံစကားဝိုင်း ဆွေးနွေးပွဲအခမ်းအနား” ကျင်းပ

ပဲခူးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ယနေ့နံနက်ပိုင်းက မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ် - ၂ဝ၂၅ “အတွေ့အကြုံစကားဝိုင်းဆွေးနွေးပွဲအခမ်းအနား” ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ပေးခဲ့သည်။

နတ်တလင်းမြို့နယ်၌ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့သည်။

မင်းလှမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၉ ရက်နံနက် ၁၀  နာရီအချိန်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပသည်။

ဒိုက်ဦးမြို့တွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အသိပညာပေးဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူး‌ပေါင်း၍ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အသိပညာပေး‌ကို ယမန်နေ့နံနက်(၉)နာရီအချိန်က အ‌ခြေခံပညာမူလတန်းလွန်(ရွာတန်းရှည်)ကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ပေါင်းတည် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က မိုးစပါးအောင်မြင်ဖြစ်ထွန်းနိုင်ရေးစိုက်ပျိုးစရိတ်များ ဆက်လက်ထုတ်ချေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌  မိုးစပါးစိုက်ပျိုးထုတ်လုပ်မှုဖြစ်ထွန်းအောင်မြင်နိုင်ရေးအတွက် ပေါင်းတည်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ယမန်နေ့နံနက်ပိုင်းတွင် တောင်သူများအား စိုက်ပျိုးရေးစရိတ်များဆက်လက် ထုတ်ချေးပေးခဲ့ကြကြောင်း သိရသည်။

ရွှေကျင်မြို့နယ်တွင် စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ညောင်ဝိုင်းရပ်ကွက်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန လူအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့ နံနက် (၁၁) နာရီအချိန်က စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး