ရွှေတောင်မြို့နယ်တွင် အ.ထ.က(ရွှေတောင်)ကျောင်း၏ (၅၉)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲကြီး စည်ကားသိုက်မြိုက်စွာ ကျင်းပ

ရွှေတောင် အောက်တိုဘာ ၃၁

မြန်မာတို့၏ ဓလေ့ထုံးတမ်းပွဲတော်များအနက် သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အတွင်း နှစ်စဥ်လှည့်လည်ကျင်းပလေ့ရှိသည့် ကထိန်ပွဲတော်ကြီးကို ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ယမန်နေ့နံနက်(၈)နာရီအချိန်က အ.ထ.က (ရွှေတောင်)ကျောင်းမှ (၅၉) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

အဆိုပါ စုပေါင်းမဟာဘုံကထိန်တွင် ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူးများ၊ ကျောင်းသား၊ ကျောင်းသူဟောင်းများမှ ပဒေဿာပင်လှူဒါန်းမှုအစုစုတို့ကို မဟာငါးဆူကျောင်းတိုက်ဆရာတော်သို့ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ၎င်းစုပေါင်းဘုံကထိန်ပွဲကြီးကို အ.ထ.က (ရွှေတောင်)ကျောင်းတွင်း စုရပ်ပြုလုပ်ကာ မဟာငါးဆူကျောင်းတိုက်အထိ စည်ကားသိုက်မြိုက်စွာ လှည့်လည်ကျင်းပပြုလုပ်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြခဲ့ကြပြီး ဒေသခံပြည်သူများကလည်း လမ်းမကြီးတစ်လျှောက် ဘေးဝဲယာတို့တွင် ကြိတ်ကြိတ်တိုးကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)