ပဲခူးတိုင်းဒေသကြီး

ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး ၂၆၁၄ နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်၌ ဘုရားဖူးရင်းပွဲဈေးလည်ပတ်ကြသူများ အထူးစည်ကား

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ၂၆၁၄ နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်ကို အောက်တိုဘာ ၂၈ရက်က စတင်ကျင်းပလျက်ရှိရာ စေတီတော်ရင်ပြင်နှင့် ပွဲဈေးတန်းများတစ်လျှောက်တွင် ဒေသခံများနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးရင်းပွဲဈေးလာ‌ရောက်လည်ပတ်ကြသူများဖြင့် အထူးစည်ကားလျက်ရှိသည်။

ပန်းတောင်းမြို့နယ်တွင် အ.ထ.က (ပန်းတောင်း) ကျောင်း၏ (၆၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲကြီး စည်ကားသိုက်မြိုက်စွာကျင်းပ

မြန်မာတို့၏ ဓလေ့ထုံးတမ်းပွဲတော်များအနက် သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အတွင်း နှစ်စဥ်လှည့်လည်ကျင်းပလေ့ရှိသည့် ကထိန်ပွဲတော်ကြီးကို ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ယနေ့နံနက်(၈)နာရီအချိန်က အ.ထ.က (ပန်းတောင်း)ကျောင်းမှ (၆၄) ကြိမ်မြောက်စုပေါင်းမဟာဘုံကထိန်ပွဲကြီးကို စည်ကားသိုက်မြိုက် စွာကျင်းပခဲ့သည်။

လက်ပံတန်းမြို့နယ်၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုပြိုင်ပွဲများကျင်းပ

အခြေခံပညာကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသိပညာ ဗဟုသုတများတိုးပွားရရှိစေမည့်စာအုပ်စာပေများကို ဖတ်ရှုလေ့လာတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်ချက်ဖြင့် ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့တွင် မြို့နယ်ပညာရေးမှူး ရုံးခန်းမနှင့် အထက(၁) ကျောင်းတို့၌ “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု” ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ စာဖတ်စွမ်းရည် ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲတို့ ကျင်းပပြုလုပ်ခဲ့သည်။

ဝေါမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအား မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့်လက်တွေ့ စမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို အောက်တိုဘာ ၂၉ ရက်၊ နံနက်ပိုင်းက မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ထန်းတပင်မြို့နယ်၌ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဥ်းရောဂါဝေဒနာရှင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏အစီအစဥ်ဖြင့် မြို့နယ်အတွင်းရှိ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဉ်း ရောဂါဝေဒနာရှင်များအတွက် ဗုဒ္ဓဟူးနေ့ ရက် နံနက် ၈ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၊ လူနာစောင့်များ နားနေဆောင်၌ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

သနပ်ပင်မြို့နယ်၌ ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များ ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေး

ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် သနပ်ပင်မြို့နယ်တွင်ပြည်ပပို့ကုန်သီးနှံထုတ်ကုန်များ ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲကို ယနေ့မနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

နတ်တလင်းမြို့တွင် ဆောင်းသီးနှံစိုက်တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဆောင်းသီးနှံစိုက်ပျိုးသော တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကျေးရွာအုပ်စု (၃)အုပ်စုမှ တောင်သူ (၂၂၇)ဦးအား ဆောင်းသီးနှံစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ဒိုက်ဦးမြို့နယ် တောင်စလဲမြောင်ကျေးရွာအတွက်  Mytel ဆက်သွယ်ရေးမိသားစုမှ   Solar  လမ်းမီးတိုင်များ တပ်ဆင်လှူဒါန်း

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ဒို က်ဦးမြို့နယ်  တောင်စလဲမြောင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင်   ယမန်နေ့နေ့လယ်ပိုင်းက    Mytel ဆက်သွယ်ရေးမိသားစုမှ   Solar  လမ်းမီးတိုင် တပ်ဆင်လှူဒါန်းခြင်းအခမ်းအနားကို  ကျင်းပကြောင်းသိရသည်။

ပေါက်ခေါင်းမြို့နယ်၌ မိုးစပါးသီးနှံပေါ်ချိန် စပါးတင်းတစ်ရာလျှင်ငွေကျပ် ၁၀သိန်းကျော်ဈေးဖြင့် ရောင်းချရ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ မိုးစပါးစိုက်ပျိုးသည့်ဒေသခံ တောင်သူများသည်ဆောင်းသီးနှံများပြန်လည်စိုက်ပျိုးနိုင်ရန်အတွက် စပါးရိတ်သိမ်းခြွေလှေ့စက်များငှားရမ်း၍ ရိတ်သိမ်းလျက်ရှိပြီး စပါးများလှိုင်လှိုင်ပေါ်လျက်ရှိရာ မိုးစပါးဈေးနှုန်းမှာတင်းတစ်ရာလျှင် ငွေကျပ် ၁၀ သိန်းကျော်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

စပါးသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် အထွက်နှုန်းကွာဟချက်များ ဆန်းစစ်လေ့လာခြင်း ဆင့်ပွားသင်တန်းဖွင့်လှစ်

ပြည်မြို့ရှိ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးရုံး၌ ယနေ့နံနက်ပိုင်းက စပါးသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် အထွက်နှုန်းကွာဟချက်များကို ဆန်းစစ်လေ့လာခြင်း ဆင့်ပွားသင်တန်းဖွင့်လှစ်သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး