ပြည်မြို့ စည်ပင်သာယာမြို့မဈေးကြီး မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေး

ပြည် အောက်တိုဘာ ၃၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ကမ်းနားလမ်းရှိ စည်ပင်သာယာမြို့မဈေးကြီး မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကွင်းဆင်းစစ်ဆေးအကြံပြုဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက ပြည်ခရိုင်မီးသတ်ဦးစီးဌာနမှူးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာနှင့် စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင်  ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ကိုကိုက ဈေးသူ/ဈေးသားများအား မီးဘေးလုံခြုံရေးအတွက်လိုအပ်သည်များ အကြံပြုဆွေးနွေးပြောကြားခဲ့ပြီး အဆိုဈေးကြီးအတွင်း တပ်ဆင်အသုံးပြုလျက်ရှိသော လျှပ်စစ်မီးခုံနှင့် မီးကြိုးများစနစ်တကျသွယ်တန်းထားမှုရှိ/မရှိ၊ ရေစင်နှင့်အရေးအပေါ်ရေပိုက်လိုင်းများ၊  မီးသတ်ဆေးဘူးများကောင်းမွန်မှုရှိ/မရှိ အခြေအနေများကိုလှည့်လည်ကြည့်ရှုစစ်ဆေးကာ ပြုပြင်ရန်လိုအပ်သည်များကို ဈေးတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)