ဇီးကုန်း နိုဝင်ဘာ ၁
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်း/ခရိုင်အဆင့် ဌာနဆိုင်ရာများနှင့် နိုဝင်ဘာ ၁ ရက်က နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် စည်ပင်သာယာဈေးအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဝန်ကြီးချုပ်သည် ဈေးအရှေ့ဘက်အပြင်တန်းအမိုးပြုပြင်ရန် လျာထားဆောင်ရွက်ထားရှိမှုနှင့် B-3 ယာယီဈေးရုံ အခြေအနေအားကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်စည်ပင်သာယာအမှုဆောင်အရာရှိ၊ ဈေးတာဝန်ခံနှင့်ကော်မတီအဖွဲ့ဝင်များက လိုက်လံရှင်းလင်းပြသခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်သည်ဈေးသည်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံလိုအပ်ချက်များကို မေးမြန်းပြီး တာဝန်ရှိသူများအားလမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်သည် ဈေးအရှေ့ဘက်အပြင်တန်းအမိုးနှင့် B-3 ယာယီဈေးရုံအား အသစ်ပြန်လည်ပြုပြင်တည်ဆောက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)