ပေါက်ခေါင်းမြို့နယ်တွင် ကြံစိုက်ဧကပေါင်း နှစ်သောင်းကျော် စိုက်ပျိုးပြီးစီး

ပေါက်ခေါင်း အောက်တိုဘာ ၃၁

ကြံစိုက်ပျိုးဧက များစွာရှိသော ပေါက်ခေါင်းမြို့နယ်တွင် ကြံစိုက်ဧကပေါင်း နှစ်သောင်းကျော်ရှိရာ ယခုနှစ်တွင်လည်း ကြံစိုက်ဧက ၁၂၃၆၅ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ကြံစိုက်ပျိုးရာတွင် အထွက်နှုန်းတိုးတက်ရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာအချိုးကျသုံးစွဲနိုင်ရေး တို့အပြင် အပင်ကြီးထွားချိန် ပိုးမွှားကျရောက်လာပါက ကာကွယ်နှိမ်နင်းရေး နည်းလမ်းများကို မြို့​နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ကြံစိုက်တောင်သူများ စိုက်ပျိုးထုတ်လုပ်မှု အဆင်ပြေစေရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ကြံတစ်ဧကလျှင် ကျပ်တစ်သိန်းနှုန်း ထုတ်ချေးပေးထားကြောင်း သိရသည်။

ကြံကို ဇန်နဝါရီလနှင့် ​ဖေဖော်ဝါရီလများတွင် စတင်စိုက်ပျိုးကြပြီး ဒီဇင်ဘာလတွင် ခုတ်သိမ်းနိုင်ကာ အင်ငါးခွသကြားစက်နှင့် နဝဒေးသကြားစက်ရုံများသို့ တင်ပို့ရောင်း ချလျက်ရှိကြောင်းသိရသည်။

ဖုန်းကျော်ဇင် (ပြန်/ဆက်)