ဧရာဝတီတိုင်းဒေသကြီး

ကြံခင်းမြို့၌ ရေပြင်ရှာဖွေကယ်ဆယ်ရေး သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၌ သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် လူမှုရေး အသင်းအဖွဲ့များပူးပေါင်း၍ ယနေ့နံနက် ၈ နာရီချိန်က မြို့မရပ်ကွက်ရှိနန်းဦးဆိပ်ကမ်းအနီး၊ ဧရာဝတီ မြစ်အတွင်း၌ ရေပြင်ရှာဖွေကယ်ဆယ်ရေး သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲ အခမ်းအနား ကျင်းပသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၆ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်ပိုင်းက မြန်အောင်မြို့နယ်၊ နွယ်ငြိမ်းတောင်ပေါ်ကျောင်းဝင်းအတွင်း ကျင်းပစိုက်ပျိုးခဲ့သည်။

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟင်္သာတခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ စုပေါင်းသွေးလှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဇွန်လ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က ဟင်္သာတခရိုင် ပြည်သူ့ဆေးရုံကြီးရှိ သွေးလှူဘဏ်တွင် ဟင်္သာတခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ စုပေါင်းသွေးလှူဒါန်းပွဲပြုလုပ်ခဲ့သည်။

ငွေဆောင်မြို့၌ ဟိုတယ်ဇုန်မိုးရာသီသစ်ပင် (ပန်းအလှပင်)စိုက်ပျိုးပွဲ (ပထမအကြိမ်) ကျင်းပ

​ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ မြို့ပြအင်္ဂါရပ်နှင့်အညီ လှပစေရေး၊ ခရီးသွားဆွဲဆောင်မှု မြှင့်တင်နိုင်ရေးတို့အတွက်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက အမှတ်(၃)ရပ်ကွက်၊ ဟိုတယ်ဇုန်လမ်းရှိ Myanmar Treasure (အထင်ကရ)ဟိုတယ်ရှေ့မှ Grand Ngwe Saung ဟိုတယ်အထိ ဟိုတယ်ဇုန်ဧရိယာ(၁)တွင် မြို့အုပ်ချုပ်ရေးမှူး၏ စီမံကြီးကြပ်မှုဖြင့် ဟိုတယ်ဇုန်မိုးရာသီသစ်ပင်(ပန်းအလှပင်) စိုက်ပျိုးပွဲ (ပထမအကြိမ်) ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျိုက်လတ်မြို့နယ်၌ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်းအမှတ်စဉ် (၅/၂၀၂၆)ဖွင့်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် မီးသတ်ဦးစီးမှူးရုံးတွင် ယမန်နေ့နံနက်ပိုင်းက သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း အမှတ်စဉ် (၅/၂၀၂၆) ဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။

ကန်ကြီးထောင့်မြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများပူးပေါင်း၍ ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းကို ဇွန်လ ၂၇ ရက်နေ့ နံနက်ပိုင်းက မဂူကျွန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင်ကျင်းပခဲ့သည်။

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ဟင်္သာတခရိုင်နှင့် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ စုပေါင်းသွေးလှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဇွန်လ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က ဟင်္သာတခရိုင်ပြည်သူ့ဆေးရုံကြီးရှိ သွေးလှူဘဏ်တွင် ဟင်္သာတခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ စုပေါင်းသွေးလှူဒါန်းပွဲပြုလုပ်ခဲ့သည်။

အိမ်မဲမြို့နယ်တွင် ငွေလဝန်းဂျီးအီးစီ (ပညာရေး) ငွေစု/ ငွေချေးသမဝါယမအသင်းလီမိတက်၏ ၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ-ထ-က(၂) ပညာ့ဗိမာန်ခန်းမတွင်ငွေလဝန်းဂျီးအီးစီ(ပညာရေး) သမဝါယမအသင်းလီမိတက်၏ ၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့နံနက် (၉) နာရီအချိန်က ကျင်းပသည်။

ဘိုကလေးပညာရေးဒီဂရီကောလိပ် မိုးရာသီဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဘိုကလေးပညာရေးဒီဂရီကောလိပ်၏ သင်တန်းသား/သူများ အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲများအား ဘိုကလေးမြို့ အောက်ပိုင်းဘောလုံးကွင်း၌ ဇွန်လ(၂၂)ရက်နေ့မှစတင်၍ကျင်းပခဲ့ပြီး ယမန်နေ့နေ့လယ်(၂)နာရီအချိန်တွင် အမျိုးသားဒုတိယနှစ်အသင်းနှင့် စတုတ္ထနှစ်အသင်းဗိုလ်လုပွဲကျင်းပ၍ ညနေ(၄)နာရီ အချိန်၌ ဆုချီးမြှင့်ပွဲ ကျင်းပဆောင်ရွက်သည်။

အိမ်မဲမြို့နယ်တွင် ပညာ့ဇောတိကာ ငွေစု/ငွေချေး သမဝါယမအသင်းလီမိတက်၏ ၂ဝ၂၅ - ၂ဝ၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ-ထ-က (၂)ပညာ့ဗိမာန်ခန်းမတွင် ပညာ့ဇောတိကာ ငွေစု/ငွေချေး သမဝါယမအသင်းလီမိတက်၏ ၂ဝ၂၅ - ၂ဝ၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့နံနက် (၁၁)နာရီအချိန်က ကျင်းပသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး