အိမ်မဲမြို့နယ်တွင် ပညာ့ဇောတိကာ ငွေစု/ငွေချေး သမဝါယမအသင်းလီမိတက်၏ ၂ဝ၂၅ - ၂ဝ၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

အိမ်မဲ ဇွန် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ-ထ-က (၂)ပညာ့ဗိမာန်ခန်းမတွင် ပညာ့ဇောတိကာ ငွေစု/ငွေချေး သမဝါယမအသင်းလီမိတက်၏ ၂ဝ၂၅ - ၂ဝ၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့နံနက် (၁၁)နာရီအချိန်က ကျင်းပသည်။

အခမ်းအနားတွင် ပညာ့ဇောတိကာငွေစု/ငွေချေး သမဝါယမအသင်းလီမိတက်၏ သဘာပတိက အဖွင့်အမှာစကားများကိုလည်းကောင်း မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မင်းသိန်းက အမှာစကားများကိုလည်း အသီးသီးပြောကြားခဲ့သည်။

ဆက်လက်ပြီးပညာ့ဇောတိကာ ငွေစု/ငွေချေး သမဝါယမအသင်းလီမိတက်၏ ဒါရိုက်တာ အဖွဲ့လုပ်ငန်းအစီရင်ခံစာ၊ အသင်းစာရင်းစစ် အစီရင်ခံစာဘဏ္ဍာရေးရှင်းတမ်းတို့အား တာဝန်ရှိသူများက ဖတ်ကြားပေးခဲ့သည်။

ထို့နောက်တက်ရောက်လာသည့် အသင်းဝင်ကိုယ်စားလှယ်များက အကြံပြုဆွေးနွေးကြပြီး ဒါရိုက်တာအဖွဲ့ အစီရင်ခံစာ၊ အသင်းစာရင်းစစ်အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်းများကို အတည်ပြုချက်ရယူကာ သဘာပတိက နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

ပညာ့ဇောတိကာငွေစုငွေချေး သမဝါယမအသင်းသားများအား အဆိုပါအသင်းလီမိတက်မှ အသင်းသားပြန်အမ်းငွေအဖြစ် အသင်းသား()ဦးလျှင် (၁၅၀၀၀)ကျပ်နှုန်းဖြင့် အသင်သား(၁၇၁၂)ဦးအတွက် (၂၅၆၈၀၀၀၀)ကျပ် အားပြန်လည်ပေးအပ်ခဲ့ကြောင်းနှင့် (၃၁--၂၀၂၆)ရက်နေ့ ဘဏ္ဍာရေးနှစ်ကုန်တွင်လည်း ငွေကျပ် (၄၃၅၆၂၃၀၀၀)အား ထုတ်ချေးထားကြောင်း သိရသည်။

ချစ်သက်လယ် (ပြန်/ဆက်)