အိမ်မဲ ဇွန် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ-ထ-က(၂) ပညာ့ဗိမာန်ခန်းမတွင်ငွေလဝန်းဂျီးအီးစီ(ပညာရေး) သမဝါယမအသင်းလီမိတက်၏ ၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့နံနက် (၉) နာရီအချိန်က ကျင်းပသည်။
အခမ်းအနားတွင် ငွေလဝန်းဂျီးအီးစီ (ပညာရေး)ငွေစု/ ငွေချေးသမဝါယမအသင်းလီမိတက်၏ သဘာပတိက အဖွင့်အမှာစကားများကိုလည်းကောင်း မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မင်းသိန်းက အမှာစကားများကိုလည်း အသီးသီးပြောကြားခဲ့သည်။
ဆက်လက်ပြီး ငွေလဝန်းဂျီးအီးစီ (ပညာရေး)ငွေစု/ ငွေချေး သမဝါယမအသင်းလီမိတက်၏ ဒါရိုက်တာ အဖွဲ့လုပ်ငန်းအစီရင်ခံစာ၊ အသင်းစာရင်းစစ် အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်းတို့အား တာဝန်ရှိသူ များက ဖတ်ကြားပေးခဲ့သည်။
ထို့နောက်တက်ရောက်လာသည့် အသင်းဝင်ကိုယ်စားလှယ်များက အကြံပြုဆွေးနွေးကြပြီး ဒါရိုက်တာ အဖွဲ့အစီရင်ခံစာ၊ အသင်းစာရင်းစစ်အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်းများကို အတည်ပြုချက်ရယူကာ သဘာပတိက နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
ငွေလဝန်း ဂျီအီးစီ (ပညာရေး) ငွေစု/ ငွေချေး သမဝါယမအသင်းသားများအား အဆိုပါအသင်းလီမိတက် မှ အသင်းသားပြန်အမ်းငွေအဖြစ် အသင်းသား (၁)ဦးလျှင် (၅၀၀၀)ကျပ်နှုန်းဖြင့် အသင်းသား (၁၇၃၆)ဦးအတွက် (၈၆၈၀၀၀၀) ကျပ်အား ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်(ပြန်/ဆက်)