ကျိုက်လတ်မြို့နယ်၌ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်းအမှတ်စဉ် (၅/၂၀၂၆)ဖွင့်ပွဲ အခမ်းအနားကျင်းပ

ကျိုက်လတ် ဇွန် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် မီးသတ်ဦးစီးမှူးရုံးတွင် ယမန်နေ့နံနက်ပိုင်းက သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း အမှတ်စဉ် (၅/၂၀၂၆) ဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးနိုင်လင်းက မီးသတ်ဦးစီးဌာနသည် မီးဘေးလုံခြုံရေး၊သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးဆိုသည့်တာဝန်ကြီး(၄)ရပ် ချမှတ်ပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ စေတနာ၊ ဝါသနာ၊ အနစ်နာ၊ ဂရုဏာ တို့သာမက အကြင်နာတရားများနှင့် ပြည်သူကို အလုပ်အကျွေး ပြုပြီး မွန်မြတ်သည့်စေတနာ့ဝန်ထမ်းတပ်ဖွဲ့များဖြစ်ကြောင်းနှင့်  ယခုသင်တန်းကအသိပညာ၊ အတတ်ပညာများကို ကြိုးကြိုးစားစားလေ့လာသင်ယူကြရန် အသိပညာပေး ဟော‌ပြော ဆွေးနွေးခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ဆန်စက်အသင်းဥက္ကဋ္ဌနှင့် သင်တန်းသား ( ၅၉ ) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင်(ပြန်/ဆက်)