ဘိုကလေး ဇွန် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဘိုကလေးပညာရေးဒီဂရီကောလိပ်၏ သင်တန်းသား/သူများ အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲများအား ဘိုကလေးမြို့ အောက်ပိုင်းဘောလုံးကွင်း၌ ဇွန်လ(၂၂)ရက်နေ့မှစတင်၍ကျင်းပခဲ့ပြီး ယမန်နေ့နေ့လယ်(၂)နာရီအချိန်တွင် အမျိုးသားဒုတိယနှစ်အသင်းနှင့် စတုတ္ထနှစ်အသင်းဗိုလ်လုပွဲကျင်းပ၍ ညနေ(၄)နာရီ အချိန်၌ ဆုချီးမြှင့်ပွဲ ကျင်းပဆောင်ရွက်သည်။
ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့်ကော်မတီဝင်များ၊ ဘိုကလေးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်သန်းသန်းစိုးနှင့်ဝန်ထမ်းများ၊ သင်တန်းသား/သူများ ကွင်းလုံးပြည့်တက်ရောက်ကြပြီး အမျိုးသား/သမီးဘောလုံးပြိုင်ပွဲများ၌ ဆုရရှိခဲ့သောနေရာအလိုက် ကစားသမားကောင်းများ၊ ပထမ၊ ဒုတိယရရှိသော အသင်းများအား ဆုတံဆိပ်နှင့် ဆုဒိုင်းများအား တာဝန်ရှိသူများက အသီးသီးချီးမြင့်ခဲ့ကြောင်း၊ အဆိုပါဘောလုံးပြိုင်ပွဲသို့ အမျိုးသား ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ် အသင်း(၄)သင်းယှဉ်ပြိုင်ရာ ဒုတိယနှစ်အသင်းက ပထမဆု၊ စတုတ္ထနှစ်အသင်းက ဒုတိယဆုရရှိ၍ အလားတူအမျိုးသမီးဘောလုံးပြိုင်ပွဲတွင်လည်း ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ် အသင်း(၄)သင်းယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
မိုးစက်