ကန်ကြီးထောင့် ဇွန် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများပူးပေါင်း၍ ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းကို ဇွန်လ ၂၇ ရက်နေ့ နံနက်ပိုင်းက မဂူကျွန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင်ကျင်းပခဲ့သည်။
ဦးစွာအခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးသက်နိုင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာ အကြီးအကဲများက ကျေးရွာနေဒေသခံပြည်သူများအား မိမိကိုယ်ကိုယ်မိတ်ဆက်ခဲ့ကြပြီး မိမိတို့၏လုပ်ငန်းဆောင်ရွက်မှုများ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး အကြောင်းအရာများအား ချပြရှင်းလင်းခဲ့ကြသည်။
ထို့နောက် အဆိုပါပြည်သူ့စကားဝိုင်းသို့ တက်ရောက်လာကြသော နနွင်းဂရက်ကျေးရွာအုပ်စု၊ ကျွန်းကြီးကျေးရွာအုပ်စု၊ မဂူကျွန်းကျေးရွာအုပ်စုရှိ တောင်သူများမှ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်းခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်ဖြေကြားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။
ကျော်ဇင်စိုး(ပြန်/ဆက်)