ဧရာဝတီတိုင်းဒေသကြီး

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့ ကျင်းပ

တတိယအကြိမ်ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့ကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမတွင်ကျင်းပခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ငွေဆောင်မြို့တွင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ Regencyစက်သုံးဆီအရောင်းဆိုင်၏ လုပ်ငန်းဆောင်ရွက်မှုနှင့် မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကွင်းဆင်း စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ဒေသခံပြည်သူများ စက်သုံးဆီ ပြတ်လပ်မှုမရှိဘဲ စျေးနှုန်းမှန်ကန်စွာဖြင့် စိတ်အေးချမ်းသာစွာ ဝယ်ယူသုံးစွဲနိုင်ရေးနှင့် မီးဘေးအန္တရာယ် ကင်းဝေးစေရေးတို့အတွက် ယမန်နေ့နံနက်ပိုင်းက မြို့အုပ်ချုပ်ရေးမှူး၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လျှပ်စစ်ဦးစီးဌာန၊ လမ်းဦးစီးဌာနနှင့် အမှတ် (၃) ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့တို့ ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောင်းကုန်းမြို့၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဝတ်စားဆင်ယင်မှုသရုပ်ပြပွဲ ကျင်းပ

၀၂၆ ခုနှစ် ဇူလိုင်လ (၃) ရက်နေ့တွင်ကျရောက်မည့် နှစ်(၃၀) ပြည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသည့် ဝတ်စားဆင်ယင်မှုသရုပ်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က ‌အထွေထွေအုပ်ချပ်ရေးဦးစီးဌာနရုံး၊ အေးချမ်းသာယာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အိမ်မဲမြို့နယ်၌ ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးပါးတွင် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းမြေမြှုပ်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍  “၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးပါးတွင် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထယ်ထိုးထည့်သွင်းမြေမြှုပ်ပွဲ” အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အိမ်မဲမြို့နယ်၊ ဝဲကြီးဝကျေးရွာ၊ ကွင်း အမှတ် ၇၅-ခ၊ ဦးပိုင် အမှတ် ၅/၃ရှိ တောင်သူဦး၀င်းတင်၏ လယ်မြေ(၂.၀၀)ဧက၌ ကျင်းပပြုလုပ်ခဲ့သည်။

ဖျာပုံမြို့၌ ရက်(၁၀၀)စီမံချက်ဖြင့် ပျားမွေးမြူရေး ပြည်သူပညာပေးသင်တန်းဖွင့်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင်ခရိုင်/မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့်ရက် (၁၀၀)စီမံချက်ဖြင့် ပျားမွေးမြူရေး ပြည်သူပညာပေး သင်တန်းဖွင့်ပွဲကို ဇွန်လ (၂၉)ရက်နေ့နံနက်ပိုင်းအချိန်က ဖျာပုံမြို့နယ်ငါးလုပ်ငန်း သင်တန်းကျောင်းတွင် ပြုလုပ်ကြသည်။

ကျိုက်လတ်မြို့နယ်၌ မှိုစိုက်ပျိုးရေးနှင့် မှိုအခြေခံထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး နည်းပညာပေး သင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက မှိုစိုက်ပျိုးရေးနှင့် မှိုအခြေခံထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး နည်းပညာပေးသင်တန်းကို ပန်းဘဲစုကျေးရွာအုပ်စု၊ အခြံချောင်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြောင်းမြမြို့တွင် နန်းဦးရွှေစေတီတော်မြတ်ကြီးအား ထီးတော်တင် ဆက်ကပ်လှူဒါန်းခြင်းနှင့် ဗုဒ္ဓဘိသေကအနေကဇာတင်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင်နန်းဦး ရွှေစေတီတော် မြတ်ကြီးအား ထီးတော်တင်ဆက်ကပ်လှူဒါန်းခြင်းနှင့် ဗုဒ္ဓဘိသေကအနေကဇာတင်ပွဲ အခမ်းအနားကို ယနေ့နံနက် (၈း၃၀) နာရီအချိန်က ကုန်းသာကျေးရွာအုပ်စု၊ မြစိမ်းရောင်သာသနာ့နယ်မြေ၊ နန်းတော်ဦးကျေးရွာ၌ ကျင်းပခဲ့သည်။

ငပုတောမြို့နယ်၌ ၂၀၂၆ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ ၂၀၂၆ ခုနှစ် မြို့နယ်အဆင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့ နံနက်ပိုင်းက ငပုတောမြို့နယ်၊ ခရင်ဝါးချောင်းကျေးရွာ အုပ်စု၊ မှော်ဘီကျေးရွာ မြစ်တရာကြိုးဝိုင်းအကွက်အမှတ် (၁၇၃) တွင် ကျင်းပပြုလုပ်သည်။

ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ဦးစီးဖွင့်လှစ်သည့် အခမ်းအနားမှူးသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကိုးသိန်းအားကစားရုံတွင် ယမန်နေ့မွန်းလွဲပိုင်းက ဧရာဝတီတိုင်း ဒေသကြီး လူငယ်ရေးရာကော်မတီမှ ဦးစီးဖွင့်လှစ်သည့် အခမ်းအနားမှူးသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သင်တန်းသား၊သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

မြန်‌အောင်မြို့နယ် အ.ထ.က သပြေကုန်းမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဝိဇ္ဇာဘာသာတွဲ အမှတ်အများဆုံး (The Whole Burma Top_10) စာရင်းဝင်တစ်ဦး ထူးချွန်စွာပေါ်ထွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် အ.ထ.က သပြေကုန်းမှ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများအရ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဝိဇ္ဇာဘာသာတွဲတွင် အမှတ်အများဆုံးရရှိသည့် (The Whole Burma Top_10) စာရင်းဝင် ထူးချွန်ကျောင်းသူတစ်ဦးပေါ်ထွက်ခဲ့သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး