ဧရာဝတီတိုင်းဒေသကြီး

ပန်းတနော်မြို့နယ် အ.ထ.က (ပသွယ်) ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အနာဂတ်မျိုးဆက်သစ် ကျောင်းသား ကျောင်းသူလူငယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် ၉ နာရီက အ.ထ.က (ပသွယ်) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

မြန်အောင်တာမိုင် ၆/၃ နှင့် ၆/၄ ကြားနှင့်လွန်ဆေးမြိုင်ပန်းခြံအနီး ကမ်းပြိုကမ်းစားမှုသက်သာစေရန် ဆက်လက်ဆောင်ရွက်လျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ မြန်အောင်တာမိုင် ၆/၃ နှင့် ၆/၄ ကြားနှင့်လွန်ဆေးမြိုင်ပန်းခြံအနီး ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပွားလျက်ရှိသောနေရာအား ကမ်းပြိုကမ်းစားမှုသက်သာစေရန် ယနေ့ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ငါးသိုင်းချောင်းမြို့၊ အ.လ.က (ခွဲ) ဗိုလ်ချုပ်လမ်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့တွင် လူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရေကြည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယျရေးရာအသိပညာပေးဟောပွောပှဲကို အ.လ.က (ခွဲ) ဗိုလ်ချုပ်လမ်းကျောင်း၌ ယမန်နေ့နေ့လည် (၁) နာရီအချိန်ကကျင်းပပြုလုပ်ခဲ့သည်။

ငပုတောမြို့နယ် အခြေခံပညာအထက်တန်းကျောင်း တောင်ကလေးတွင် ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ၊ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်  အခြေခံပညာအထက်တန်းကျောင်း တောင်ကလေး တွင် ကျောင်းကောင်စီဥက္ကဌဖလား ဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန့်နေ့ညနေပိုင်းက အဆိုပါကျောင်းရှိ အားကစားဝန်းအတွင်း ကျင်းပပြုလုပ်ရာ ကျောင်းအုပ်ဆရာကြီး ဦးဖြိုးရာဇာဦးနှင့် ဆရာ၊ ဆရာမများ၊‌ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း တေရသမအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်နှင့်ဆီ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပမည့် တေရသမအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်နှင့်ဆီ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်း၌ ပုသိမ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ(၁)တွင် ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့သည်။

ဒေးဒရဲမြို့နယ်၌ လူငယ်အသိပညာပေး ဟောပြောပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်များပြသ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတများ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေး ရည်ရွယ်၍ လူငယ်အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီခွဲက မငေးကြီးကျေးရွာအုပ်စု၊ မငေးကြီးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါကျောင်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဖျာပုံမြို့နယ်တွင် အကူသူနာပြုပြင်ပသင်တန်းဖွင့်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်နိုင်ရန်နှင့်သူနာပြုလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်စေရန် ရည်ရွယ်၍ ဖျာပုံပြည်သူ့ဆေးရုံကြီးတွင် အကူသူနာပြုပြင်ပသင်တန်းဖွင့်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ဖျာပုံ ပြည်သူ့ဆေးရုံကြီးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

လပွတ္တာမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရေး လူငယ်စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လပွတ္တာမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတများ တိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်များ ထက်မြက်လာစေရန်၊ စဥ်းစားတွေးခေါ်မှုစွမ်းရည်များ ရင့်သန်လာစေရန်နှင့် ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်၊ လူကောင်းများပေါ်ထွက်လာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၀)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဒေးဒရဲမြို့နယ်အတွင်းရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအစီအစဥ်များ ရှင်းလင်းခြင်းနှင့် စီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်အတွင်းရှိကျေးရွာများတွင် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် တင်ဒါအောင်ကုမ္ပဏီများက လုပ်ငန်းအစီအစဥ်များ ချပြရှင်းလင်းခြင်းနှင့် စီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြန်အောင်မြို့ ဧရာဝတီမြစ်ရေဝင်ရောက်သည့် အိမ်ထောင်စုဝင် မိသားစုများအား ရေဘေးရှောင် စခန်း(၂)ခုတွင် ပြောင်းရွှေ့နေရာချထား

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၆)ရပ်ကွက်တို့မှ ဧရာဝတီမြစ်ရေဝင်ရောက်သည့် အိမ်ထောင်စုဝင်များကို ရေဘေးရှောင် စခန်း (၂)ခု ဖွင့်လှစ်၍ ပြောင်းရွှေ့နေရာချထားပေးလျက်ရှိရာဇူလိုင်လ ၁၅ ရက်နေ့အထိ အိမ်ထောင်စု (၈၁)စု၊ လူဦးရေ ကျား/မ စုစုပေါင်း (၂၇၄) ဦး ရှိကြောင်းသိရသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး