မြန်အောင်မြို့ ဧရာဝတီမြစ်ရေဝင်ရောက်သည့် အိမ်ထောင်စုဝင် မိသားစုများအား ရေဘေးရှောင် စခန်း(၂)ခုတွင် ပြောင်းရွှေ့နေရာချထား

မြန်အောင် ဇူလိုင် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၆)ရပ်ကွက်တို့မှ ဧရာဝတီမြစ်ရေဝင်ရောက်သည့် အိမ်ထောင်စုဝင်များကို ရေဘေးရှောင် စခန်း (၂)ခု ဖွင့်လှစ်၍ ပြောင်းရွှေ့နေရာချထားပေးလျက်ရှိရာဇူလိုင်လ ၁၅ ရက်နေ့အထိ အိမ်ထောင်စု (၈၁)စု၊ လူဦးရေ ကျား/မ စုစုပေါင်း (၂၇၄) ဦး ရှိကြောင်းသိရသည်။

မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက် ကျီးစုအောင်ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် အိမ်ထောင်စု(၁၃)စု၊ ကျား(၁၉)ဦး၊ မ(၃၇)ဦးနှင့် အမှတ်(၆) ရပ်ကွက် ရွှေဘုံသာဘုရားဝန်း ဦးဖိုးမြိုင် တန်ဆောင်းတွင် အိမ်ထောင်စု(၆၈)စု၊ ကျား(၉၆)ဦး၊ မ(၁၂၂)ဦးတို့အား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ဆား၊ ဆပ်ပြာ ၊ခေါက်ဆွဲခြောက်၊ သောက်ရေသန့်စသည်တို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင်များက ထောက်ပံ့လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

ဝင်းဗိုလ်(မြန်အောင်)