မြန်အောင်မြို့ ဧရာဝတီမြစ်ရေဝင်ရောက်သည့် အိမ်ထောင်စုဝင် မိသားစုများအား ရေဘေးရှောင် စခန်း(၂)ခုတွင် ပြောင်းရွှေ့နေရာချထား
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၆)ရပ်ကွက်တို့မှ ဧရာဝတီမြစ်ရေဝင်ရောက်သည့် အိမ်ထောင်စုဝင်များကို ရေဘေးရှောင် စခန်း (၂)ခု ဖွင့်လှစ်၍ ပြောင်းရွှေ့နေရာချထားပေးလျက်ရှိရာဇူလိုင်လ ၁၅ ရက်နေ့အထိ အိမ်ထောင်စု (၈၁)စု၊ လူဦးရေ ကျား/မ စုစုပေါင်း (၂၇၄) ဦး ရှိကြောင်းသိရသည်။