လေးမျက်နှာမြို့နယ် ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆာင်ရွက်

လေးမျက်နှာ ဇူလိုင် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ပိန်းအင်းအုပ်စု၊ ကျွဲမြီးဆွဲကျေးရွာ (အ.ထ.ကခွဲ)ကျောင်းတွင် ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦး‌ရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ၊ ဇီဝအချက်အလက်ဆိုင်ရာများ၊ မြေပြင်လူဦးရေစာရင်းများ စိစစ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

စီမံချက်ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်းအားဝန်ကြီးဌာန လေးမျက်နှာမြို့နယ်ရုံးမှ လဝကမှူး‌ ဒေါ်ရီရီချိုနှင့် သက်ဆိုင်ရာတိုက်နယ်မှူးများ၊ ဝန်ထမ်းများက ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ထားခြင်းမရှိ‌သေးသူများအား လည်းကောင်း၊ အိမ်ထောင်စုလူဦးရေစာရင်း မရှိသေးသူများအားလည်ကောင်း၊ မြေပြင်လူဦးရေ စာရင်းများစိစစ်ခြင်းတို့ကို ညွှန်ကြားချက်လုပ်ထုံးလုပ်နည်းများနှင့်အညီ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မိုးသက်ကို(ပြန်/ဆက်)