ငါးသိုင်းချောင်း ဇူလိုင် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် ဆည်မြောင်းနှင့် ရေးအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော ရေးဘေးအန္တရာယ်ကာကွယ်ရေး သရုပ်ပြပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်(၉:၀၀)အချိန်က ငါးသိုင်းချောင်းမြို့ ငဝန်တာ-တာမိုင် ၄၆/၆ (ဗောဓိကုန်းရေကင်းစခန်းအနီး)တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီးဌာနမှ သယံဇာတဝန်ကြီး ဦးအုန်းမြိုင်မှ အဖွင့်အမှာစကားပြောကြားကာ ကျုံပျော်ခရိုင်၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းမှ ရေဘေးကာကွယ်ရေးသရုပ်ပြပွဲနှင့်တာတမံများ၏အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှု အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက်ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများသို့ ရေဘေးအန္တရာယ်ကာကွယ်ရေးတာတမံများ၏ အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှု အစီအစဉ်အရ လွင့်ထူရမည့် သတိပေးအချက်ပြ အလံများအားပေးအပ်ကာ ရေဘေးအန္တရာယ်ကာကွယ်ရေး သရုပ်ပြပွဲနှင့် ဇာတ်တိုက် လေ့ကျင့်ခြင်းများဆောင်ရွက်ခြင်းကို လိုက်လံကြည့်ရှုကာ လိုအပ်သည်များကိုလည်း ဆက်လက်၍ လုပ်ဆောင်ရန်ပြောကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ငါးသိုင်းချောင်း ( ပြန်/ဆက် )