လေးမျက်နှာ ဇူလိုင် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အ.ထ.က လေးမျက်နှာကျောင်းခန်းမတွင် ကျောင်းသား/သူများ အသိပညာတိုးပွားစေရန် ဗလငါးတန်ပြည့်စုံစေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ (၇၇)နှစ်မြောက်အာဇာနည်နေ့ ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်း (၉:၃၀)နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက နိုင်ငံတော်အလံကိုအလေးပြုပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုမာက ဟောပြောပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဆရာမဒေါ်အုံးမေသန်းက အာဇာနည်နေ့ဖြစ်ပါ်လာပုံသမိုင်းကြောင်းကို ကျောင်းသား၊ ကျောင်းသူများ နားလည်မှတ်သားစေရန် အချက်အလက်စုံလင်စွာ ဟောပြောခဲ့ပြီး ဆရာဦးခင်ထွန်းက ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်ဘဝမှစ၍ လေးစားအတုယူဂုဏ်ယူဖွယ်ဂုဏ်အင်များကို အချက်အလက်စုံလင်စွာဖြင့် ရှင်းလင်းဟောပြောခဲ့သည်။
အဆိုပါဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား (၄၀၀)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။
မိုးသက်ကို(ပြန်/ဆက်)