လေးမျက်နှာ ဇူလိုင် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ သခွတ်ချောင်းအုပ်စုအတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဆည်မြောင်းဦးစီးဌာန၊ ပြန်/ဆက်ဦးစီးဌာန၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှုးများ ပူးပါင်း၍ မြစ်ရေဝင်ရောက်မှုအခြေအနေနှင့် တာတမံကြံခိုင်မှုအခြေအနေများအား ယမန်နေ့ နံနက်ပိုင်းက လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူး သိန်းထိုက်တို့မှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲနောင်ဝင်း၊ သခွတ်ချောင်းအုပ်စု ရေကင်းတာဝန်ခံ ပြန်/ဆက်ဦးစီးအရာရှိ ဦးတင်ရွှေ၊ မြို့နယ်ဆည်မြောင်း ဒုတိယဦးစီးမှူး ဦးသန်းဇော်ထူးနှင့်ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့အား လိုအပ်သည်များကို မှာကြားခဲ့သည်။
တာဝန်ရှိသူများက ရေကင်းလှည့်လည်စစ်ဆေးခြင်း၊ မီးသတ်ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အသင့်တုံ့ပြန်ဆောင်ရွက်နိုင်ရေး စုဖွဲ့ထားရှိခြင်း၊ သက်ဆိုင်ရာရေကင်းတာဝန်ခံများက တာတမံအခြေအနေများကို ညွှန်ကြားမှု အတိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုးသက်ကို(ပြန်/ဆက်)