ဧရာဝတီတိုင်းဒေသကြီး

ဒေးဒရဲမြို့နယ်၊ ကျုံသင်​ကျေးရွာ (အ.ထ.က(ခွဲ))၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရေး လူငယ်စကားဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတများတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်များ ထက်မြက်လာစေရန်၊ စဥ်းစားတွေးခေါ်မှု စွမ်းရည်များ ရင့်သန်လာစေရန်နှင့် ကိုယ်ကျင့်တရား ကောင်းမွန်သည့် လူတော်၊ လူကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၂) နာရီက ​​ကျုံသင်ကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)ရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မြောင်းမြမြို့တွင် သူနာပြုသင်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ဇူလိုင်လ (၇) ရက်နေ့ နေ့လယ် (၁း၀၀) နာရီအချိန်က သူနာပြုသင်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်းရှင်းများအား လွှတ်တော်အတွေ့အကြုံများအား  ရှင်းလင်းဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦး​သိန်းထွန်းဦးဆောင်သော လွှတ်တော်ရေးရာကော်မတီမှတာဝန်ရှိသူများ၊ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးတို့ပါဝင်သော လွှတ်တော်ရေးရာကော်မတီမှတာဝန်ရှိသူများသည် ဖျာပုံခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဖျာပုံခရိုင်အဆင့်ဌာနဆိုင်ရာများ(ဖျာပုံ၊ကျိုက်လတ်၊ဒေးဒရဲ၊ဘိုကလေး)မြို့နယ်များမှဌာနဆိုင်ရာများ၊ (၄)မြို့နယ်မှစီးပွားရေးလုပ်ငန်းရှင်များနှင့် လွှတ်တော်အတွေ့အကြုံများ တွေဆုံရှင်းလင်းပွဲကို ဇူလိုင် (၇)ရက် နံနက် (၉)နာရီက ဖျာပုံမြို့ သီရိအဏ္ဏဝါခန်းမ၌ ကျင်းပကြသည်။

သာပေါင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် ဌာနဆိုင်ရာများ အပတ်စဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂၆/၂၀၂၆) ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် ဌာနဆိုင်ရာများ အပတ်စဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂၆/၂၀၂၆) ကို ယနေ့ဇူလိုင်လ ၇ ရက်နေ့၊နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပပြူလုပ်ခဲ့သည်။

ကြံခင်းမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်သူများအား ဆုပေးပွဲကျင်းပနိုင်​ရေးနှင့် (မြို့နယ်အဆင့်) ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲကျင်းပနိုင်ရေး အစည်းအဝေးပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာသီရိခန်းမ၌ ယနေ့နံနက်ပိုင်းက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်သူများအား ဆုချီးမြှင့်ပေးအပ်ပွဲနှင့် ဆိုကရေးတီးပြိုင်ပွဲ (မြို့နယ်အဆင့်) ကျင်းပနိုင်ရေး အစည်းအဝေးပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး(ယာယီ)နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။

ပုသိမ်မြို့နယ်အတွင်း နေရောင်ခြည်နှင့်လေအား နှစ်မျိုးအသုံးပြု၍ မဂ္ဂါဝပ် (၁၀၀) ထုတ်လုပ်ရရှိရေး ဆောင်ရွက်ထားရှိမှု အစီအစဉ်များအား ရှင်းလင်းတင်ပြ 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်အတွင်း  Galaxy Red Star ကုမ္ပဏီလီမိတက်မှ Solar Powerplantနှင့်  Wind Turbine Power Plant နှစ်မျိုးအသုံးပြု၍ မဂ္ဂါဝပ် (၁၀၀) ထုတ်လုပ်ရရှိရေးအတွက် ဆောင်ရွက်ထားရှိမှု အစီအစဉ်များအား ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကို ဇူလိုင် ၇ ရက် နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်သည်။

ဟင်္သာတမြို့တွင် ခွေးရူးပြန်ရောဂါကာကွယ်ထိန်းချုပ်ရေး ပြည်သူ့စကားဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့တွင်ခွေးရူးပြန်ရောဂါကာကွယ်ထိန်းချုပ်ရေး ပြည်သူ့စကားဝိုင်းကို ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။

မြောင်းမြမြို့၌ ရွေးမြစ်ကမ်းဘေးရှိ ရပ်ကွက်များအား သဘာဝ‌ဘေးအန္တရာယ်နှင့် ပတ်သက်၍ သိရှိနိုင်ရန် ဆော်ဩခြင်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ရွေးမြစ်ကမ်းဘေးရှိ ရပ်ကွက်များအား သဘာဝ‌ဘေးအန္တရာယ်နှင့် ပတ်သက်၍ သိရှိနိုင်ရန် ဆော်ဩခြင်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ကန်ကြီး‌ထောင့်မြို့နယ်၌ အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (ToT) ဖွင့်လှစ်ပို့ချ

ဥပဒေရေးရာဝန်ကြီးဌာန၏ လမ်းညွှန်မှုအရ ဧရာဝတီတိုင်းဒေသကြီးဥပဒေချုပ်ရုံး၏ ကြီးကြပ်မှုဖြင့် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်ဥပဒေရုံးမှ ကျင်းပပြုလုပ်သည့် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (ToT) ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၇ ရက်နေ့ မနက်ပိုင်းက ကန်ကြီးထောင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာသီရိသုခခန်းမ၌ ကျင်းပသည်။

လပွတ္တာမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ လပွတ္တာ-သင်္ကန်းကြီးကားလမ်း‌ဘေးတွင် ယနေ့နံနက်ပိုင်းက မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်း အနားကိုကျင်းပရာ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစံရင်မော်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်-၁ ဦးစန်းမင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အိအိနွယ်တို့က တာဝန်ရှိသူများထံ ပျိုးပင်များ ပေးအပ်ကြသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး