ကျိုက်လတ်မြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူး နှင့် ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများ လုပ်ငန်းကျွမ်းကျင် (လုပ်ငန်းလမ်းညွှန်) သင်တန်းဖွင့်ပွဲ ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ/ အတွင်းရေးမှူးများ လုပ်ငန်းကျွမ်းကျင်(လုပ်ငန်းလမ်းညွှန်) သင်တန်းနှင့် မဲရုံများ မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၈) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။