ဖျာပုံမြို့၌ ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်မည့်စီမံချက်များနှင့် ပြုပြင်တည်ဆောက်မည့် တံတားအားကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးတာဝန်ခံ အင်ဂျင်နီယာချုပ် (မြို့ပြ)ဦးကျော်ကျော်ထွေးသည် ယမန်နေ့နေလယ်ပိုင်းအချိန်က ခရိုင်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနရုံးတွင် ခရိုင်နှင့်မြို့နယ်ဝန်ထမ်းများနှင့်တွေ့ဆုံ၍ (၂၀၂၆-၂၀၂၇) ဘဏ္ဍာရေးနှစ်မှ (၂၀၃၀-၂၀၃၁) ဘဏ္ဍာရေးနှစ်အထိ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်မည့် စီမံချက်နှင့် ဝန်ကြီးဌာန၏ ရည်မှန်းချက်များအား ရှင်းလင်းပြောကြားသည်။