မြောင်းမြ ဇူလိုင် ၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ရွေးမြစ်ကမ်းဘေးရှိ ရပ်ကွက်များအား သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ သိရှိနိုင်ရန် ဆော်ဩခြင်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထို့သို့ဆောင်ရွက်ရာတွင် မြောင်းမြမြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ၏ လမ်းညွှန်မှုဖြင့် လက်ထောက်မီးသတ်ဦးစီးမှူး ဦးနေဆန်းလင်းက ဦးဆောင်၍ သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရွေးမြစ်ကမ်းဘေး၊ အမှတ် (၅) ရပ်ကွက်၊ လယ်ယာသုံးစျေးရှိ ရေယာဉ်ဆိပ်ကမ်းတွင် စက်လှေနှင့် သင်္ဘောများ အသုံးပြုကာ မြစ်ကမ်းရိုးတစ်လျှောက်သွားလာနေသည့် အများပြည်သူများအနေဖြင့် သင်္ဘောတိမ်းမှောက်မှုများ ဖြစ်ပေါ်၍ ရေဘေးအန္တရာယ် ကြုံတွေ့လာပါက အသက်အန္တရာယ်ကာကွယ်နိုင်ရန် Life Jacket များ ဆောင်ထားရန်၊ Life Jacket မရှိပါကလည်း မိမိတို့အိမ်၌ အသုံးပြုပြီးဖြစ်သည့် 5 gallon ရေသန့်ဘူးအား အသက်ကယ်ပစ္စဉ်းအနေဖြင့် ဆောင်ထားရန်လည်းကောင်း၊ 1 liter ရေသန့်ဘူးများအား အရှေ့ (၄) ဘူး၊ အနောက် (၄) ဘူးစီ ကြိုးဖြင့်ချည်နှောင်ကာ Life Jacket အဖြစ် အစားထိုးဝတ်ဆင် အသုံးပြုနိုင်ရန်လည်းကောင်း အသိပညာပေးဟောပြော ဆော်ဩခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇေယျာ (ပြန်/ဆက်)