လပွတ္တာမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

လပွတ္တာ ဇူလိုင် ၇

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ လပွတ္တာ-သင်္ကန်းကြီးကားလမ်း‌ဘေးတွင် ယနေ့နံနက်ပိုင်းက မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်း အနားကိုကျင်းပရာ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစံရင်မော်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်-၁ ဦးစန်းမင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အိအိနွယ်တို့က တာဝန်ရှိသူများထံ ပျိုးပင်များ ပေးအပ်ကြသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများက ပျိုးပင် ၂၀၅၀ ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)