ဟင်္သာတတက္ကသိုလ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် မီးသတ်ဆေးဘူးအသုံးပြုနည်း လက်တွေ့သရုပ်ပြလေ့ကျင့်ပွဲ အခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ ဟင်္သာတတက္ကသိုလ် ပင်မလေးထပ်ဆောင် ဘွဲ့နှင်းသဘင်ခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် မီးသတ်ဆေးဘူးအသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။