ဧရာဝတီတိုင်းဒေသကြီး

ဇလွန်မြို့နယ်၌ “ဒို့အတူတူမဲပေးကြမယ်”  အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်အေးမြင့်သိန်းနှင့်ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီတွင် “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေးလက်ကမ်း စာစောင်များကို လူစည်ကားရာနေရာများ၌ ဖြန့်ဝေခဲ့ကြသည်။

အင်္ဂပူမြို့တွင် ဒုတိယအကြိမ်ကြေညာထားသည့် မဲစာရင်းများအ‌ပေါ် ပြည့်စုံမှန်ကန်ရေး အိမ်တိုင်ရာ‌ရောက် ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့တွင် မဲပေးခွင့်ရှိသူများ မဲစာရင်းတွင် မကျန်ရှိစေရေးအတွက် ဒုတိယအကြိမ် ကြေညာထားသည့် မဲစာရင်းများအ‌ပေါ် ပြည့်စုံမှန်ကန်ရေး အိမ်တိုင်ရာရောက် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မြို့နယ်‌ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြန်အောင်၌ “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်ရေးလက်ကမ်းစာစောင်များဖြန့်ဝေ

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်ရေးအတွက် “ဒို့အတူတူ မဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်မှုများကို ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တွင် ဒီဇင်ဘာလ ၁ ရက်နေ့မှစ၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကြံခင်းမြို့အတွင်း မဲစာရင်းများမှန်ကန်ပြည့်စုံစေရေး တာဝန်ရှိသူများပူးပေါင်း၍ Door to Door ကွင်းဆင်းတိုက်ဆိုင်စစ်ဆေး

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများ၏အမည်စာရင်းများ မှန်ကန်ပြည်စုံမှု ရှိစေရေး၊ နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့် အခွင့်အရေး ပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မဲစာရင်းများကို အိမ်တိုင်ရာရောက်(Door to Door) ကွင်းဆင်းစစ်ခြင်းအား ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်း နိုဝင်ဘာ ၂၈ ရက်နေ့မှစ၍ ယနေ့အထိ သက်ဆိုင်ရာနယ်မြေအလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်၌ MEVM မဲပေးစက်ဆိုင်ရာနည်းပညာအထောက်အကူပြု သင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ MEVM မဲပေးစက်ဆိုင်ရာနည်း ပညာအထောက်အကူပြုသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ဧရာသီရိသုခခန်းမ၌ ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် သင်တန်းသား/သူများကတက် ရောက်ခဲ့ကြသည်။

တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ် အိမ်မဲမြို့၌ ဒုတိယအကြိမ်ကြေညာထားသည့် မဲစာရင်းများအ‌ပေါ် ပြည့်စုံမှန်ကန်ရေး တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းစိစစ်ခြင်းလုပ်ငန်းများအား ကြည့်ရှုအားပေး                    

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်သည် မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်း ဒုတိယအကြိမ်ကပ်ထားကြေညာသည့် မဲစာရင်းများအပေါ် ပြည့်စုံမှန်ကန်ရေး တစ်အိမ်တက်ဆင်းမြေပြင်ကွင်းဆင်းခြင်းလုပ်ငန်းများကို ယမန်နေ့နေ့လယ်ပိုင်းက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့နှင့် ကျေးရွာများသွားလာရေးအဆင်ပြေစေရန် နန်းဦးချောင်းကူးတံတား စတင်တည်ဆောက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ မြို့မရပ်ကွက်၊ တာကြီးတန်း မြို့မပတ်လမ်းကမ်းပါးရှိ နန်းဦးချောင်းကျော်တံတားဆောင်ရွက်နေခြင်းကို ယမန်နေ့နံနက်ပိုင်းကစ၍ ထားဝယ်ကြီးကျောင်းတိုက်ဆရာတော်ဦးဆောင်၍ ရပ်ကွက်နှင့်ကျေးရွာနေပြည်သူများ  ပူးပေါင်းကာဧရာဝတီမြစ်ရိုးချောင်းကူးတံတား စတင်တည်ဆောက်လျက်ရှိသည်။

ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့၌ ဆီဖူလုံရေးနှင့် လျာထားချက်ပြည့်မီရေးအတွက် အမှတ်(၁)ရပ် ကွက်တွင် စူပါဆန်း(41) ဆောင်းနေကြာစိုက်ပျိုး

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့၊ အမှတ်(၁)ရပ်ကွက်၌ ဒေသအတွင်းဆီဖူလုံရေးနှင့်လျာထားချက်ပြည့်မီရေးအတွက် ယမန်နေ့က ယနေ့နံနက်ပိုင်းက  မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ ဝင်များ၊ တောင်သူများ ပူးပေါင်း၍ ဆောင်းနေကြာ စူပါဆန်း 41 များကို စုပေါင်းစိုက်ပျိုး ကြသည်။

ရွှေသောင်ယံမြို့တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန် အန္တရာယ်ရှိလမ်းမီးတိုင်များ အားပြန်လည်ပြုပြင်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် မြို့သူမြို့သားများ၊ လမ်းသွားလမ်းလာများ လျှပ်စစ်နှင့်ပတ်သက်၍ ဘေးကင်းလုံခြုံစိတ်ချမှုရှိစေရန် အန္တရာယ်ရှိ လမ်းမီးတိုင်များအား ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကိုဆောင်ရွက်လျက်ရှိသည်။

ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက နှင့်တာဝန်ရှိသူများ ကျေးလက်ဒေသ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး စီမံချက်ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်း ဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ကနိစံပြကျေးရွာတွင် တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ကြည်ကြည်ထွန်း၊ ဥက္ကဋ္ဌ ဒေါ်မိုးသူတင့်နှင့် အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များသည် ကျေးလက်ဒေသအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး စီမံချက် ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခြင်းကိုယမန်နေ့ နံနက်ပိုင်းအချိန်က အဆိုပါစံပြ ကျေးရွာတွင် ပြုလုပ်ဆောင်ရွက်သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး