ကျောင်းကုန်းမြို့ အ.ထ.က(၁)ကျောင်းဝန်းအတွင်း ငှက်ပျောပင်များစိုက်ပျိုး

ကျောင်းကုန်း  ဇူလိုင်  ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း ငှက်ပျောပင်များကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးခဲ့ကြသည်။

စံကိုက်ကျောင်းများ ငှက်ပျောပင်စိုက်ပျိုးရေးလမ်းညွှန်ချက်အရ ကျောင်းအကျိုးဆောင်များ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမွန်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသားများက ငှက် ပျော (၁၂၀) ပင်စိုက်ပျိုးခဲ့ကြသည်။

ကျောင်းသား၊ ကျောင်းသူများ အာဟာရပြည့်ဝစေရေးရည်ရွယ်ချက်ဖြင့် ဖီးကြမ်းငှက် ပျောပင်များ စိုက်ပျိုးခြင်းဖြစ်ပြီး၊ စံကိုက်ကျောင်းများ ငှက်ပျောပင် (၄၀၀) ပင် စိုက်ပျိုးရမည်ဖြစ်ရာ ကျန်ရှိသောအပင် (၂၈၀) ပင်အား ဆက်လက်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)